ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား လေးသိန်းကျော် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား လေးသိန်းကျော် ဖမ်းဆီးရမိ

Ministry of Information/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဇွန် ၉ ရက်က စိတ်ကြွဆေးပြား ၃၉၉၅၅၀ နှင့် ဇွန် ၁၀ ရက်တွင် စိတ်ကြွဆေးပြား ၁၉၅၀၀၊ နှစ်ရက်အတွင်း စုစုပေါင်း စိတ်ကြွဆေးပြား ၄၁၉၀၅၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာအနီး မောင်တော-အငူမော် ကားလမ်းဘေးရှိ ရခိုင်မျိုးစောင့်အုပ်စု (Arakan Rakkhita Group-ARG) စိုက်ပျိုးရေးခြံရှိ ၎င်းအဖွဲ့ပိုင် စက်ပစ္စည်းများထားသည့် အဆောက်အဦအား ဇွန် ၉ ရက်က သတင်းအရ ဝင်ရောက်ရှာဖွေရာ ခြံတာဝန်ခံ ဟန်စိုး (ရခိုင်/ဗုဒ္ဓ)နှင့် အလုပ်သမားကြီးကြပ် ချစ်နေဝင်း (ရခိုင်/ဗုဒ္ဓ) တို့ (၂) ဦးအားတွေ့ရှိပြီး အဆောက်အဦအတွင်းရှိ UPG အိမ်သုတ် ဆေးပုံးခွံ (၆) ပုံးအတွင်း ထည့်ထားသည့် WY/R စာတန်းပါ စိတ်ကြွဆေးပြား (၃၉၉၅၅၀) (၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၇၉၉၁ သိန်း) နှင့် ဆိုင်ကယ် ၁ စီးတို့အားသိမ်းဆည်းရမိခဲ့ကြောင်း။

ကွင်းဆက်ဖော်ထုတ်ချက်အရ မြောက်ဦးမြို့နယ်နေ ဝင်းထွန်း (ရခိုင်/ဗုဒ္ဓ)၊ ဖိုးသန်း (ရခိုင်/ဗုဒ္ဓ)နှင့် ညီလေး(ခ)ညွန့်လွင် (ခ)ကိုညီ (ရခိုင်/ဗုဒ္ဓ) တို့ (၃)ဦးအား ထပ်မံဖမ်းဆီးရမိပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ၎င်းတို့က စစ်တွေမြို့မှ တစ်ဆင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း။

ကွင်းဆက်တရားခံ ထပ်မံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးခြံပိုင်ရှင် ဦးဘအေး (ခ)ခိုင်ထူး (ရခိုင်/ဗုဒ္ဓ) အား ဇွန် (၁၀) ရက်တွင် မြောက်ဦးမြို့၌ ဖမ်းဆီးရမိခဲ့ပြီး ကနဦးစစ်ဆေးချက်များ အရ ၎င်းသည် ၂၀၁၄ ခုနှစ်ခန့်က မောင်တော မြို့နယ် ကင်းချောင်းကျေးရွာနှင့် ဗောဓိကုန်းကျေးရွာကြား မေယုတောင်ခြေတွင် ARG (ရခိုင်မျိုးစောင့်အုပ်စု) အား စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်ခန့်မှစ၍ အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်ဦးရေ ၂၆၀ ဦးခန့် ရှိကြောင်း၊ မြောက်ဦးမြို့၌လည်း ARG (ရခိုင်မျိုးစောင့်အုပ်စု) အား တည်ထောင်ထားကြောင်း သိရှိရပြီး ကွင်းဆက်တရားခံ များ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ထို့အတူ ဇွန် ၁၀ ရက် ညနေ (၅) နာရီခွဲခန့်တွင် မောင်တောမြို့နယ် နယ်မြေ (၆) ကျီးကန်းပြင် စစ်ဆေးရေးဂိတ်၌ မောင်တောမြို့မှ ငန်းချောင်းကျေးရွာဘက်သို့ မောင်တောမြို့နယ် ငန်းချောင်းကျေးရွာနေ မူဟာမတ်အိစ္စမိုက် မောင်းနှင် လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ WY/R စာတန်းပါ စိတ်ကြွဆေးပြား ၁၉၅၀၀ (၁ ပြားလျှင် ၂၀၀၀ ကျပ် နှုန်းဖြင့် တန်ဖိုးကျပ် ၃၉၀ သိန်း) နှင့် ဖုန်း(၁)လုံးတို့အား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများအား မောင်တောမြို့၊ (၃)ရပ်ကွက်နေ အမျိုးသား ၁ ဦး (စိစစ်ဆဲ) ထံမှ ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ပြင်ဖြူနယ်မြေ ရဲစခန်း မယ(ပ)၂၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •