ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်း၌ လူငယ်ဈေးဖွင့်လှစ်

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်း၌ လူငယ်ဈေးဖွင့်လှစ်


Ministry of Information/ ရန်ကုန် / May 20, 2019
image_latest


ရန်ကုန် မေ ၁၉

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်း၌ လူငယ်များကိုယ်တိုင် ဦးစီးဖွင့်လှစ်သော Youth Bazaar (လူငယ်ဈေး) ကို မေ ၁၈ ရက်က စတင်ဖွင့်လှစ်ကြောင်း သိရသည်။
နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်ရာနေရာ
အများပြည်သူ အပန်းဖြေအနားယူရာတွင် အပန်းဖြေရင်း ဈေးဝယ်ထွက်နိုင်ရန်နှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် ဖန်တီးလိုသည့် လူငယ်များ၏အိပ်မက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ယခု ကဲ့သို့ ဆိုင်ခန်းပေါင်းစုံပါဝင်သော ဈေးငယ်တစ်ခုကို ဖန်တီးခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေရာက နဂိုကတည်းက အထင်ကရနေရာတစ်ခု ဖြစ်တယ်။ ဆိုင်ခန်းလေးတွေ စုစုစည်းစည်းနဲ့ တစ်နေရာတည်းမှာ ဖွင့်နိုင်ရင် ကောင်းမှာပဲဆိုပြီး ဖွင့်ဖြစ်ခဲ့တာပါ။ လာတဲ့သူတွေ အနေနဲ့လည်း တစ်နေရာတည်းမှာ အပန်းဖြေရင်းနဲ့ ဈေးဝယ် နိုင်တာပေါ့။ နောင်တစ်ချိန်မှာတော့ အောင်မြင်ကျော်ကြားပြီး လူအသွားများတဲ့ နေရာလေးတစ်ခုဖြစ်လာဖို့ မျှော်မှန်းပါ တယ်” ဟု လူငယ်ဈေးဖြစ်မြောက်ရေးအတွက် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုတင်ထူးအောင်က ပြောသည်။
အဆိုပါဈေးတွင် ဖန်စီပစ္စည်းများ၊ အဝတ်အထည်များ၊ ရိုးရာလက်မှုပစ္စည်းများ၊ အစားအသောက်များ ပါဝင်ရောင်းချ လျက်ရှိပြီး နောက်ပိုင်းတွင် လူငယ်များအတွက် စိတ်ဝင်စားစရာ အစီအစဉ်များ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာ ခရီးသွားများကိုပါ ဆွဲဆောင်နိုင်သောရပ်ဝန်းတစ်ခုအဖြစ် ရပ်တည်ရန်မျှော် မှန်းထားကြောင်း သိရသည်။
ဆိုင်ခန်းပေါင်း ၃၀ ပါဝင်
ဆိုင်ခန်းပေါင်း ၃၀ ပါဝင်သည့် လူငယ်ဈေးဖွင့်လှစ်ချိန်ကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ လည်ကောင်း၊ စနေ-တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များတွင် နံနက် ၉ နာရီခွဲမှ ည ၈ နာရီအထိ လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း (ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း
 

HOT NEWS
January 4,