မြန်မာကိုယ်စားလှယ်အဖွဲ့ (၄၃) ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲခရီးသွားလုပ်ငန်း ကော်မတီအစည်း အဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၁၉ သို့ တက်ရောက်
မြန်မာကိုယ်စားလှယ်အဖွဲ့ (၄၃) ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲခရီးသွားလုပ်ငန်း ကော်မတီအစည်း အဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၁၉ သို့ တက်ရောက်
Ministry of Information/ နေပြည်တော် / June 07, 2019

နေပြည်တော် ဇွန် ၆
(၄၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းကော်မတီ အစည်း အဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၁၉ ကို တရုတ်နိုင်ငံ Dali မြို့ရှိ Dali International Hotel တွင် မေ ၂၇ ရက်မှ ၂၉ ရက် အထိ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းနှင့်အဖွဲ့ တက်ရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည မေ၂၇ ရက်က ကျင်းပသည့် (၄၃)ကြိမ် မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွား လုပ်ငန်းကော်မတီ အစည်းအဝေးသို တက်ရောက်ခဲ့ပြီး ညပိုင်းတွင် တရုတ်နိုင်ငံ ယဉ်ကျေး မှုနှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှတည်ခင်းဧည့်ခံသော ကြိုဆိုညစာစားပွဲ အခမ်းအနားသို့ တက် ရောက်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ၂၈ ရက်တွင် Tourism: A Driver for Cultural Heritage Preservation and Poverty Alleviation ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် မဲခေါင်ခရီးသွား လုပ်ငန်း ဖိုရမ် ၂၀၁၉ သို့ တက်ရောက်ခဲ့ပြီး “မဟာ မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ယဉ်ကျေးမှု အမွေအနှစ်များကို မပျက်စီးစေရန် ထိန်းသိမ်းခြင်းနှင့် ဆင်းရဲ နွမ်းပါးမှုပပျောက်ရေး” ခေါင်းစဉ်ဖြင် ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က Panelist အဖြစ် ပါဝင်ဆွေး နွေးခဲ့ရာ မြန်မာနိုင်ငံရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင်ရန် အလားအလာရှိသည့် ရှေး ဟောင်းယဉ်ကျေးမှုမြို့များ ဖြစ်သော ပုဂံနှင့် မြောက်ဦးမြို့များအား အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက် နေမှုနှင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်း နေမှုများနှင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချ ရန် ဝန်ကြီးဌာနမှ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ ကို ဆွေးနွေး ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံက မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ရာ မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ ကျင်းပရေးအလံအား ၂၀၁၉ အိမ်ရှင် တရုတ် နိုင်ငံနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးမှူးရုံး အမှုဆောင်ဒါရိုက်တာ တို့က မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ အလံလွှဲပြောင်းသည့် အခမ်းအနားတွင် တက်ရောက်လာသော ကိုယ်စားလှယ်များနှင့် ဧည့်သည်တော် များအား မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀ ကျင်းပမည့် မန္တလေးမြို့၏ အလှ အပများနှင့် ခရီးသွားဆွဲဆောင်ရာ နေရာများပါဝင်သည့် Video Clip ကို မိတ်ဆက်ပြသခဲ့သည်။ ညပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းဌာနနှင့် ယူနန် ပြည်နယ် Dali Bai အစိုးရအဖွဲ့မှ ညစာဖြင့် တည်ခင်းဧည့်ခံသည်။ ကိုယ်စား လှယ်အဖွဲ့သည် မေ ၂၉ ရက် တွင် Xizhou မြို့ဟောင်းရှိ ယဉ်ကျေးမှု နှင့်ဓလေ့ထုံးစံများ၊ ရှေးဟောင်း အဆောက်အဦများအား သွားရောက် လေ့လာသည်။ အဆိုပါဖိုရမ်သို့ မဟာ မဲခေါင်ဒေသခွဲနိုင်ငံများမှ ကိုယ်စားလှယ် များနှင့် တရုတ်နိုင်ငံခရီးသွားလုပ်ငန်း ကဏ္ဍမှ စိတ်ပါဝင်စားသူများ ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်