နိုင်ငံရေးပါတီ ၂၆ ပါတီ၏ အိတ်ဖွင့်ပေးစာအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်း ပြန်ကြား

နိုင်ငံရေးပါတီ ၂၆ ပါတီ၏ အိတ်ဖွင့်ပေးစာအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်း ပြန်ကြား


Ministry of Information/ ​နေပြည်တော် / June 07, 2019
image_latest


နေပြည်တော် ဇွန် ၆

နိုင်ငံရေးပါတီ ၂၆ ပါတီ၏ အိတ်ဖွင့်ပေးစာအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ရက်စွဲဖြင့် အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်ကြားစာတွင် နိုင်ငံရေးပါတီ ၂၆ ပါတီ၏ အိတ်ဖွင့်ပေးစာ၌ စာပိုဒ် ၁၀ ပိုဒ် ဖော်ပြထားရာ နောက်ဆုံးစာပိုဒ် ၁၀ တွင် “အထက်အပိုဒ်များပါ ဖော်ပြချက် နှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာစွာနှင့် အချိန်လုံလောက်စွာ မျက်နှာချင်းဆိုင် ဆွေးနွေးလိုပါသဖြင့် သင့်လျော်သော အချိန်တစ်ခုသတ်မှတ်၍ စီစဉ်ဆောင်ရွက်ပေး နိုင်ပါရန် ဤအိတ်ဖွင့်စာဖြင့် ပေးပို့တောင်းဆိုအပ်ပါသည်” ဟူ၍ ဖော်ပြထားပါ ကြောင်း။

နိုင်ငံရေးပါတီ ၂၆ ပါတီ၏ အိတ်ဖွင့်ပေးစာကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လေ့လာ စိစစ်ရာတွင် တွေ့ဆုံဆွေးနွေးခြင်းကို သမားရိုးကျ သဘော ရိုးဖြင့် တောင်းဆိုခြင်းမျိုးမဟုတ်ဘဲ အပြုသဘောမဆန်သည့်အပြင် အခြေအမြစ်မရှိသော မမှန်မကန်စွပ်စွဲချက်များဖြင့် ဖော်ပြတောင်း ဆိုထားသည်ကို တွေ့ရှိရပါ ကြောင်း။

သာဓကအဖြစ် ကောက်နုတ်ဖော်ပြရလျှင် အိတ်ဖွင့်ပေးစာ အပိုဒ် ၃ ပါ “တည်ဆဲရွေး ကောက် ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များကို သုံးသပ်ပါက ရည်ရွယ် ချက်ပေါက်မြောက်နိုင်ခြင်းမရှိဘဲ ဆန့် ကျင်ဘက်လားရာသို့ ဦးတည်နေကြောင်း တွေ့ရှိရပါသည်” ဆိုသည့်ဖော်ပြချက်မှာ ရွေးကောက် ပွဲကော်မရှင်၏ မည်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း အတိအကျ ဖော်ပြနိုင်ခြင်းမရှိဘဲ ဆောင်ရွက် ချက်များ အားလုံးအပေါ် စွပ်စွဲထားသည့် သဘောသက်ရောက်နေသဖြင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပါကြောင်း။

အိတ်ဖွင့်ပေးစာအပိုဒ် ၅ ပါ “နိုင်ငံရေးပါတီများကို ကော်မရှင်၏ လက်အောက်ခံ ဌာနများသဖွယ် သဘောထားညွှန်ကြားခြင်း၊ ကန့်သတ်ချုပ်ချယ်ရာရောက်ခြင်း၊ ဥပဒေနှင့်မညီသော တရားမျှတမှု မရှိသော ဆင့်ဆိုချက်များ ဆောင်ရွက်ခြင်း” ဆိုသည့်အချက်ကို ဖော်ပြရာတွင် အတိအကျဖော် ညွှန်းနိုင်ခြင်းမရှိဘဲ ယေဘုယျ သဘောစွပ်စွဲထားခြင်းဖြစ်ကြောင်း တွေ့ရပါကြောင်း၊ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံရေးပါတီများကို ကြီးကြပ်ရန် တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသည်နှင့်အညီ နိုင်ငံရေးပါတီများ၏ လုပ်ငန်း ဆောင်ရွက်ချက် များအပေါ် ကြီးကြပ်ဆောင် ရွက်ခြင်းသာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေအမြစ် တစ်စုံတစ်ရာမရှိဘဲ ဖော်ပြခြင်းသည် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ချက်များကို သေးသိမ် စေရာရောက်ပြီး ပြည်သူများ အထင်မှား အမြင်မှား ဖြစ်စေနိုင်ပါကြောင်း။

အိတ်ဖွင့်ပေးစာအပိုဒ် ၅ တွင်ဖော်ပြထားသော ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင် ပြန်လည်ဖွဲ့စည်းခြင်း လုပ် ငန်းများနှင့်၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော အငြင်းပွားမှုများတွင် ကော်မရှင်၏ အပြီးသတ်ဆုံးဖြတ်ချက်များ နှင့်စပ်လျဉ်း၍လည်း ၈-၁၂-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်တို့ကော်မရှင်ရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံစဉ်က လည်းကောင်း၊ ၁၄-၆-၂၀၁၈ ရက် နေ့တွင် နိုင်ငံရေးပါတီများအားလုံးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ကော်မရှင်ရုံးအစည်း အဝေးခန်းမ၌ တွေ့ဆုံစဉ်ကလည်းကောင်း ကော်မရှင်၏ ဆောင်ရွက်ချက်များကို အသေးစိတ် ကျယ် ကျယ်ပြန့်ပြန့် ရှင်းလင်းပြောဆိုခဲ့ပြီးဖြစ်ပါကြောင်း။

အိတ်ဖွင့်ပေးစာအပိုဒ် ၅ တွင် ဖော်ပြထားသော၂၀၁၈ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက် သော အငြင်းပွားမှုများအပေါ် ကော်မရှင်၏ အပြီးသတ် ဆုံးဖြတ်ချက်များသည် မျှတမှုမရှိကြောင်း၊ ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း စွပ်စွဲချက်သည် လွဲမှားသော ဖော်ပြချက်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေး ကောက်ပွဲနှင့်စပ်လျဉ်း၍ အငြင်းပွားကန့်ကွက်လွှာတင်သွင်းမှု ၂ မှုသာရှိပြီး ၂၆ ပါတီက အိတ်ဖွင့်ပေးစာတင်ပြသည့် ၂၃-၅-၂၀၁၉ ရက်နေ့တွင် ကန့်ကွက်လွှာ ၂ မှုလုံးကို ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်ရခြင်း မရှိသေးပါကြောင်း၊ ၃၀-၅-၂၀၁၉ ရက်နေ့တွင်မှ ကန့်ကွက်လွှာ အမှုတစ်မှုကို ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

အိတ်ဖွင့်ပေးစာအပိုဒ် ၆ တွင်ဖော်ပြထားသော အကြံပြုရန်ရှိသည့်အချက်များ နှင့်စပ်လျဉ်း၍ မည်ကဲ့ သို့အကြံပြုလိုကြောင်း အချက်အလက်အပြည့်အစုံကိုပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ အချိန် မရွေးအကြံပြု တင်ပြနိုင်ပါကြောင်း၊ ယင်းသို့တင်ပြလာပါက ကော်မရှင်အနေဖြင့် အိတ်ဖွင့်ပေးစာပါ ၂၆ ပါတီအပါအဝင် နိုင်ငံရေးပါတီများအားလုံးနှင့်တွေ့ဆုံ၍ လိုအပ်သည်များဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။

ယခုအိတ်ဖွင့်ပေးစာဖြင့်တောင်းဆိုလာသည့် နိုင်ငံရေးပါတီမှာ၂၆ ပါတီဖြစ်ပါ ကြောင်း၊ ယင်း၂၆ ပါတီတွင် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက် တင်မြှောက်ခံခဲ့ရသည့် နိုင်ငံရေးပါတီ ၇ ပါတီပါရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီပေါင်း ၉၈ ပါတီ မှတ်ပုံတင်ထားပြီးဖြစ်ရာ ယခုတောင်းဆိုတင်ပြလာသည့် ပါတီ ၂၆ ပါတီနုတ်ပါက ၇၂ ပါတီ ကျန်ရှိ ပါကြောင်း၊ ယင်း ၇၂ ပါတီတွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့်ပါတီ ၁၅ ပါတီရှိပါကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီအားလုံး၏ သဘောထားများကို အစဉ် လေးစားလျက် နိုင်ငံရေးပါတီအားလုံးနှင့်သော်လည်းကောင်း၊ အချို့နှင့်သော်လည်းကောင်း၊ ပါတီတစ်ခု ချင်းနှင့်သော်လည်းကောင်း အလျဉ်းသင့်သလို တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အားလုံးသောနိုင်ငံရေး ပါတီများအတွက် ဦးတည်၍ ဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော၊ ပွင့်လင်း မြင်သာပြီး အများယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲများ ကျင်းပသွားနိုင်ရေး သန္နိဋ္ဌာန် ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်း ရွေးကောက်ပွဲလုပ်ငန်း စဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သက်ဆိုင် ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် နိုင်ငံရေးပါတီများအပါအဝင် ရွေးကောက်ပွဲ ဆိုင်ရာ အဖွဲ့အစည်းများ တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းမှုများကို၂၀၁၉ ခုနှစ်၊ ဇွန်လမှစတင်၍ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများအားလုံး တွေ့ဆုံကာ ၂၀၂၀ ပြည့် နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန် အချိန်ဇယားသတ်မှတ်၍ စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အချိန်ဇယား သတ်မှတ်ချက်များနှင့်အညီ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ၅-၆-၂၀၁၉ ရက်နေ့တွင် ကျင်းပသော စုံညီအစည်းအဝေး အမှတ်စဉ် (၁၉/၂၀၁၉) ဆုံးဖြတ် ချက်အရ အသိပေးပြန်ကြားခြင်းဖြစ်ပါကြောင်း ဖော်ပြထားသည်။

သတင်းစဉ်

HOT NEWS
January 4,