တတိယအကြိမ်မြောက် မြန်မာ-အီးယူ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တက်ရောက်

တတိယအကြိမ်မြောက် မြန်မာ-အီးယူ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တက်ရောက်


Amyotha Hluttaw/ နေပြည်တော် / June 07, 2019


တတိယအကြိမ်မြောက် မြန်မာ-အီးယူစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို (၅.၆.၂၀၁၉)ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်နှင့် ဦးအုန်းမောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်လှထွန်းနှင့် ဒေါက်တာထွန်းနိုင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Kristian Schmidt ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် ဥရောပသမဂ္ဂ ကုန်သည်ကြီးများ အသင်းမှ ကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက မိန့်ခွန်းစကားပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။

HOT NEWS
January 4,