ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Ministry of Information/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၂

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကမ္ဘာ့ဘဏ်၏ The World Bank Environment and Natural Resources Program မှ Regional Manager , Mr. Christophe Crepin နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ရေငန်ငါးလုပ်ငန်းစီမံခန့်ခွဲမှုအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ဒိန်းမတ် နိုင်ငံ၊ နိုင်ငံတကာအပင် နှင့်အကောင်များထိန်းသိမ်းရေးအဖွဲ့၊ သားငှက်ထိန်းသိမ်း ရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရေချိုငါးလုပ်ငန်း စီမံ ခန့်ခွဲမှုနှင့် ငါးလုပ်ငန်း ရေရှည်ဖွံ့ဖြိုး ရေးတို့အတွက် FAO , GIZ ဒိန်းမတ်နိုင်ငံ၊ ရေနေသက်ရှိအရင်းအမြစ်များ စီမံခန့်ခွဲမှု ဆိုင်ရာ နိုင်ငံတကာဗဟိုဌာန World Fish တို့နှင့်ပူးပေါင်းဆောင်ရွက်နေမှု၊ ကမ္ဘာ့ဘဏ်မှ စတင်မိတ်ဆက်ခဲ့သော မြန်မာ နိုင်ငံပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာ ချက်တွင် ငါးကဏ္ဍဆိုင်ရာတွေ့ရှိချက်၊ အရေးကြီးသောအကြံပြုချက်၊ မြန်မာ နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်များကိုပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ရှင်းလင်းချပြနိုင်ရန် စီစဉ်ဆောင် ရွက်ထားရှိမှု၊ မြန်မာနိုင်ငံ၏ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် လေ့လာချက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ နှင့် ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)
 

အထူးသတင်း
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •