ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး အား လက်ခံတွေ့ဆုံ

Ministry of Information/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေရေးဆွဲ ဆောင်ရွက်မှု ၊ ပဋိပက္ခအတွင်း လိင် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲ ကြေညာချက်အား ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ (၇)ရက်က လက်မှတ်ရေး ထိုးခဲ့ပြီးနောက် လုပ်ငန်း စီမံချက်ရေးဆွဲ၍ အကောင်အထည် ဖော်ဆာင်ရွက်မည့် အခြေအနေ၊ မြေမြှပ်မိုင်းတားဆီး ရေးစာချုပ်တွင် နော်ဝေနိုင်ငံမှဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုနှင့် Mine Action Centre နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးစဉ် သွားရောက်နိုင်ရေး၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ပါဝင်တက်ရောက်နိုင်ရေး၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှု၊ မြေမြှပ်မိုင်းကိစ္စများနှင့်ပတ်သက်၍ စက်တင်ဘာလအတွင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
 

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •