ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ဝန်ကြီးဌာန၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ဝန်ကြီးဌာန၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေး

Ministry of Information/ ​စစ်ကိုင်း / June 12, 2019
image_latest


နေပြည်တော်၊ ဇွန် ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း) သို့ရောက်ရှိပြီးတက္ကသိုလ်၏သင်ကြားလေ့ကျင့်မှု၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပါမောက္ခချုပ်၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က ကြီးမှူးကျင်းပသည့်သုတေသန စာတမ်းပြိုင်ပွဲ နှင့် စာတမ်းဖတ်ပွဲများ တွင်ဆုရရှိသော ဒုတိယပါမောက္ခ ဒေါက်တာဆောင်ဆွမ့်နှင့် ဒုတိယပါမောက္ခ ဒေါက်တာသူဇာတို့အား ဂုဏ်ပြုဆုများချီးမြှင့် ပေးအပ်ကာဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများ နှင့် တွေ့ဆုံ၍ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိပ်ဆောင်များ၊စားရိပ်သာများ၊ စာသင် ဆောင် များနှင့်စာပေပညာရပ်များ သင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်၏စတင်တည်ထောင်စဉ်ကတည်းက ရှိခဲ့သည့် အိပ်ဆောင် နှင့် စားရိပ်သာများကိုရှေးမူမပျက်ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရေးလမ်းညွှန်မှာကြားသည်။
ထို့နောက်၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့်တည်ဆောက်လျက်ရှိသော သုံးထပ်စာ သင်ဆောင်၊ စုပေါင်းခန်းမ (Theatre)၊ (၆)ခန်းတွဲ(၃)ထပ်အမှုထမ်းနေအိမ်တည်ဆောက်ရေး လုပ်ငန်း များကိုကြည့်ရှု စစ်ဆေးပြီးစံချိန်၊ စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီး ရေးတို့ကို စနစ်တကျစီမံဆောင်ရွက်ရန်သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန် မှာကြားသည်။
ယင်းနောက် တက္ကသိုလ်ဝန်းအတွင်းအရိပ်ရလေကာပင်များ၊ အဖိုးတန်ရတနာ တန်းဝင် အပင်များ၊ ပန်းအလှပင်များ ပျိုးထောင်ထားရှိမှုနှင့်မိုးရာသီသစ်ပင်စိုက်ပွဲတော်အတွက်ပြင်ဆင်ထားရှိမှု အခြေအနေ များကိုကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးကအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြမှု အပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက် လျက်ရှိသော ကျောင်းသူ သုံးထပ်အိပ်ဆောင်၊ ကျောင်းသား(၂)ထပ် စားရိပ် သာ၊ (၆)ခန်းတွဲ(၃)ထပ် ဆရာမများ ဆောင်တည် ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီးသတ်မှတ်စံချိန်စံညွှန်းနှင့် သတ်မှတ် ကာလ အတွင်းပြီးစီးရေး မှာကြားကာ ကျောင်းစာကြည့်တိုက်သို့သွားရောက်ကြည့်ရှုစစ်ဆေး၍ ဘာသာရပ်ဆိုင်ရာ နှင့် သုတရ သစာအုပ်များပိုမိုပြည့်စုံစွာထားရှိရေးမှာကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏စီမံကြီးကြပ်မှုဖြင့်ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှဆရာ၊ဆရာမ(၁၃၄၃၃)ဦးကိုလည်းကောင်း၊ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)မှ ဘွဲ့ရလူငယ် (၃၈၇၀)ကိုလည်းကောင်းမွေးထုတ် ပေးနိုင်ခဲ့ပြီး အဆိုပါကျောင်းဆင်း လူငယ်လူရွယ်များသည် ယင်းတို့နှင့် သက်ဆိုင်သည့် နယ်စပ်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ကိုယ်တိုင်ကျရာ အခန်းကဏ္ဍအသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)
 

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •