ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် (၁၆)ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် (၁၆)ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံ တက်ရောက်


Ministry of Information/ ဆီရမ်ရိ (ပ်) / June 12, 2019
image_latest


ဆီရမ်ရိ (ပ်) ဇွန် ၁၂

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရီ (ပ်) မြို့၌ ဇွန် ၁၂ ရက်မှ ဇွန် ၁၄ ရက်အထိ ကျင်းပ သည့် (၁၆) ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံ (16th Asia Media Summit) ၏ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
ရှေးဦးစွာ ကမ္ဘောဒီးယားနိုင်ဝန်ကြီးချုပ် ဆန်ဒက်ဟွန်ဆန်က အဖွင့်အမှာ စကား ပြောကြားသည်။
ဆက်လက်၍ ထိပ်သီးညီလာခံ ၏ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို “How we can adapt to Digital Revolution” ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြား ရေး ဝန်ကြီး Dr. Kheiu Kanharith ၊ ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးဝန်ကြီး Mr. Jose Ruperto Martin M. Andanar ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ကြားရေးဝန်ကြီး Dr. Hasan Mahmud ကိုရီးယားသမ္မတနိုင်ငံ ဆက်သွယ်ရေး ဒုတိယဝန်ကြီး Dr. Sam Seog Ko နှင့် ဆာမိုအာကျွန်းနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဒုတိယဝန်ကြီး Mr. Lealailepule Rimoni Aiafi တို့က ဦးဆောင် ဆွေးနွေးသူများအဖြစ် ပါဝင် တက်ရောက်ဆွေး နွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဝန်ကြီးအဆင့်အစည်းအဝေး (Ministerial Sideline Meeting) ကို ဆက်လက် ကျင်းပရာ တက်ရောက် လာကြသည့် ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် AIBD မှ တာဝန်ရှိသူများက သတင်းတု (Fake News) တိုက်ဖျက် ရေးကဏ္ဍတွင် ပူးပေါင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြသည်။
(၁၆)ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံ အစည်းအဝေးအား အာရှ-ပစိဖိတ် ရုပ်သံလွှင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဗဟိုဌာန (AIBD) နှင့် ကမ္ဘော ဒီးယားနိုင်ငံ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနတို့က ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အစည်းအဝေးသို့ အာရှ-ပစိဖိတ် ဒေသတွင်းနှင့် ဒေသပြင်ပရှိ နိုင်ငံပေါင်း(၄၂) နိုင်ငံမှ သတင်းအချက် အလက်နှင့် မီဒီယာ ဆိုင်ရာ အကြီးအကဲများ၊ အဆင့်မြင့် အရာရှိကြီးများ၊ AIBD ဥက္ကဌ Mr.Fayyaz Shehryar ၊ မီဒီယာ ကျွမ်းကျင်သူများ၊ မူဝါဒချမှတ်သူများနှင့် စိတ်ပါဝင်စားသူကိုယ်စားလှယ်ပေါင်း ၆၀၀ ခန့် တက်ရောက် ကြသည်။
အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန (AIBD) ကို UNESCO ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံ ၌ ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင် ခဲ့ပြီး လက်ရှိတွင် ဒေသတွင်း တင်းပြည့် အဖွဲ့ဝင် ၂၆ ဖွဲ့ နှင့် အာရှ၊ ပစိဖိတ်၊ ဥရောပ၊ အာဖရိက ၊ အာရပ်နှင့် မြောက်အမေရိက စသည့် ဒေသများရှိ မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သည် အာရှ-ပစိဖိတ် ရုပ်သံလွှင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (AIBD)သို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ၂၉-၇ ၁၉၉၇ ရက်တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
(သတင်းစဉ်)
 

HOT NEWS
January 4,