မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲ ပဥ္စမနေ့ ဆက်လက်ကျင်းပ

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲ ပဥ္စမနေ့ ဆက်လက်ကျင်းပ


Ministry of Information/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၂

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲ ပဥ္စမနေ့ကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်း အတွဲ အမှတ်(၁၀၅၁) မှ (၂၁၀၀) အထိ ၁၀၅၀ တွဲ တွင် ၉၉၈ တွဲကို ငွေကျပ် ၂၁၆၇၁ ဒသမ ၉၇၉ သန်းဖြင့် ရောင်းချခဲ့ရကြောင်းသိရသည်။
ထို့ပြင် ဇွန် ၁၃ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်း အတွဲ အမှတ် (၂၁၀၁)မှ အတွဲအမှတ် (၃၁၀၈)ထိ ၁၀၀၈တွဲကို ရတနာကုန်သည်များက စိတ်ကြိုက် စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ဈေးနှုန်း ပေးသွင်းလွှာများကို စနစ်တကျထည့်သွင်းခဲ့ကြသည်။
အဆိုပါ ပြပွဲကို ဇွန် ၈ ရက်တွင် စတင်ကျင်းပခဲ့ရာ ဇွန် ၁၀ ရက်တွင် ကျောက်မျက်အတွဲ ၂၆၀ တွဲတွင် ၄၉တွဲကို ငွေကျပ် သန်း ၃၆၂ ဒသမ ၀၉၉ သန်း ဖြင့် လည်းကောင်း၊ ဇွန် ၁၁ ရက် တွင် ကျောက်စိမ်းအတွဲ ၁ မှ ၁၀၅၀ တွင် ၁၀၃၈ တွဲကို ငွေကျပ် ၁၈၈၀၀ ဒသမ ၁၆ သန်းဖြင့် လည်းကောင်း ရောင်းချခဲ့ရပြီး ပြည်တွင်း ကုန်သည်ငယ်များ ကုန်ကြမ်းရရှိရန်နှင့် လုပ်ငန်းရှင်များ ဝင်ငွေရရှိရန်အတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ရာ ပုတီး၊ လက်ကောက်များ ပြုလုပ်နိုင်ရန်အတွက် ကျောက်အမျိုးအစားမျိုးစုံ ရောင်းချလျက်ရှိကြောင်း သိရသည်။
သတင်း-အေးအေးသန့်
ဓာတ်ပုံ-ကိုအေးသန်း
 

HOT NEWS
January 4,