မန္တလေးမြို့တွင် အိုလံပစ်နေ့ အထိမ်းအမှတ် အပြေးပြိုင်ပွဲ လူ ၁၃၀၀ ကျော် ပါဝင်ဆင်နွှဲ

မန္တလေးမြို့တွင် အိုလံပစ်နေ့ အထိမ်းအမှတ် အပြေးပြိုင်ပွဲ လူ ၁၃၀၀ ကျော် ပါဝင်ဆင်နွှဲ


Ministry of Information/ မန္တ​ေလး / June 24, 2019
image_latest


မန္တလေး ဇွန် ၂၃

၂၀၁၉ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အလွတ်တန်းနှင့် လူသစ်တန်း (အမျိုးသား၊ အမျိုးသမီး) အပြေးပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကျုံးတောင်ဘက် ၂၆ လမ်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံးရှေ့ စုရပ်နေရာ၌ ကျင်းပရာ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း ၁၃၀၀ ကျော် ပါဝင်ကြပြီး ပြိုင်ပွဲမစတင်မီ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ကြကာ သတ်မှတ်တာထွက်စုရပ်တွင် ရောက်ရှိနေရာယူကြသည်။

အချက်ပြသေနတ်ပစ်ဖောက် တာလွှတ်ပေး

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့က အပြေးသမား မောင်မယ်များကို လိုက်လံနှုတ်ဆက် အားပေး၍ ဝန်ကြီးချုပ်က စင်မြင့်ထက်မှ အချက်ပြ သေနတ်ပစ်ဖောက်ကာ တာလွှတ်ပေး လိုက်သည်နှင့် တစ်ပြိုင်နက် အလွတ်တန်း အပြေးသမားမောင်မယ် ၁၅၀ ကျော်တို့သည် တာထွက်စုရပ်မှ ၁၅ ကီလိုမီတာ သတ်မှတ်ပြေးလမ်းအတိုင်း ယှဉ်ပြိုင်ပြေးကြပြီး တာလွှတ်နေရာသို့ ပန်းဝင်ခဲ့ကြသည်။

ထို့အတူ လူသစ်တန်း အပြေးသမားမောင်မယ် ၁၂၀၀ ကျော်တို့ကလည်း တာထွက် စုရပ်တွင် နေရာယူကြပြီး မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက အချက်ပြသေနတ်ပစ်ဖောက်၍ တာလွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် စုရပ်နေရာမှ ကျုံးတစ်ပတ် ၈ ကီလိုမီတာလမ်းကြောင်းအတိုင်း ယှဉ်ပြိုင်ပြေးကြကာ တာလွှတ်နေရာသို့ ပန်းဝင်ခဲ့ကြရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အား/ကာနှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ဆပ်ကော်မတီမှ တာဝန်ရှိသူများက ပန်းဝင်သူများကို ကြိုဆိုနှုတ်ဆက်အားပေးကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ အလွတ်တန်း အမျိုးသားပြိုင်ပွဲတွင် နေပြည်တော်မှ ပထမဆုရ ဝင်းနိုင်ထွန်း၊ ဒုတိယဆုရ ဆန်းနိုင်၊ တတိယ ဆုရ ဇာနည်ထွန်း၊ စတုတ္ထဆုရ မျိုးကိုကို၊ ပဥ္စမဆုရ ကိုကိုနိုင်နှင့် ကျန်ဆဋ္ဌမ ဆုမှ အဆင့် ၁၀ အထိ ဆုရသူများအပြင် သက်ကြီးအပြေးသမား သုံးဦးတို့ကိုလည်းကောင်း၊ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲ တွင်လည်း နေပြည်တော်မှပထမဆုရ ငါးမယ်၊ ဒုတိယဆုရ အေးအေးမြို့၊ တတိယဆုရ မြင့်မြင့်အေး၊ ပဉမဆုရ သီတာချိုနှင့် ကျန်ဆဋ္ဌမဆုမှ အဆင့် ၁၀ အထိ ဆုရရှိသူများ ကိုပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိ်န်ဝင်း၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုငွေနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။

ဆက်လက်၍ လူသစ်တန်းအမျိုးသားပြိုင်ပွဲတွင် အားကစားနှင့် ကာယ ပညာသိပ္ပံ မန္တလေးကျောင်းမှ ပထမဆုရ ဇော်ထက်၊ ဒုတိယဆုရ ခင်မောင်သန်း၊ တတိယဆုရ အောင်မြင့်မြတ်၊ စတုတ္ထဆုရ ထွန်းထွန်းလင်း၊ ပဉမဆုရ သန်းဖုန်းအောင်နှင့် ကျန်ဆဋ္ဌမဆုမှ အဆင့် ၁၀ အထိ ဆုရရှိသူများနှင့် အမျိုးသမီး လူသစ်တန်းပြိုင်ပွဲတွင် ပထမဆုရ တောင်ဒူး၊ ဒုတိယဆုရ ခိုင်သဇင်ထွေး၊ တတိယ ဆုရ ရတနာမိုး၊ စတုတ္ထဆုရ သီရိနိုင်၊ ပဉမဆုရ အေးအိအိဟန်နှင့် ကျန်ဆဋ္ဌမ ဆုမှ အဆင့် ၁၀ အထိ ဆုရရှိသူများကို အား/ကာသိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီး အား/ကာ ညွှန်ကြားရေးမှူး ဦးဝေဇင်၊ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်တို့က ဆုငွေများ၊ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြကြောင်းနှင့် ပြိုင်ပွဲဝင်အပြေး အားကစား မောင်မယ်များ၊ တက်ရောက် အားပေးကြသူများအား စေတနာရှင် အလှူရှင်များက မားမားခေါက်ဆွဲ၊ အားဖြည့်အချိုရည် ဘူးများ၊ ရေသန့်များ၊ ပရီမီယာကော်ဖီတို့ဖြင့် ကျွေးမွေးဧည့်ခံကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)

HOT NEWS
January 4,