မကွေး-ရန်ကုန် လေကြောင်းခရီးစဉ် ပြန်လည်စတင်

မကွေး-ရန်ကုန် လေကြောင်းခရီးစဉ် ပြန်လည်စတင်


Ministry of Information/ Magway / June 26, 2019
image_latest


မကွေး ဇွန် ၂၅

လေယာဉ်ခရီးစဉ် ယာဉ်ပြေးဆွဲမှု ရပ်နားထားခဲ့တဲ့ မကွေးလေဆိပ်တွင် မကွေး-ရန်ကုန် လေကြောင်း ခရီးစဉ်ကို ဇွန်(၂၅)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။

မကွေးလေဆိပ်တွင် လေယာဉ်ပြန်လည်ပြေးဆွဲမှု အထိမ်းအမှတ်အဖြစ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းနှင့် မြန်မာအမျိုးသား လေကြောင်း အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက လေကြောင်းပြန်လည် ပြေးဆွဲနိုင်တဲ့အတွက် တိုင်းဒေ သကြီးအတွင်းမှာ အရင်ထက်စာရင် အဆင်ပြေမှုတွေ ရှိလာနိုင်ပြီး ပြန်လည် ပြေးဆွဲနိုင်ဖို့ ကြိုးစားခဲ့ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ မြန်မာအမျိုးသား လေကြောင်း အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက လေယာဉ်ခရီးစဉ်မှာ တစ်ပတ်ကိုနှစ်ကြိမ်ဖြစ်ပြီး စနေနဲ့အင်္ဂါနေ့တွေမှာ ပြေးဆွဲမှာပါ၊ ခရီးစဉ်အနေနဲ့ ရန်ကုန်၊ မကွေး၊ အမ်း၊ စစ်တွေမြို့တွေကို ပြေးဆွဲမှာ ဖြစ်ပါတယ်၊ ပြေးဆွဲမဲ့ လေယာဉ် အမျိုးအစားမှာ (ATR 72) အမျိုးအစား လေယာဉ် ဖြစ်ပြီး ခရီးသည် (၆၀) ဝန်းကျင် လိုက်ပါ နိုင်မှာဖြစ်ကာ ခရီးစဉ်အချိန်နှင့် ပတ်သက်လို့ နံနက် (၈) နာရီနဲ့ (၁၀)နာရီကြား အချိန်တွေ ဖြစ်မယ်ဟု ရန်ကုန်ခရီးစဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

ဒီနေ့ခရီးစဉ် အစမှာတော့ ရန်ကုန်-မကွေး ခရီးသည်အယောက် (၂၀) ရှိပြီး၊ မကွေး-ရန်ကုန် ခရီး သည် (၁၁)ဦး ရှိပါတယ်၊ လေယာဉ်စီးခက မကွေး-ရန်ကုန် ခရီးသည်တစ်ဦးလျှင် (၅၈၀၀၀) ကျပ် ဖြစ်ပြီး ရန်ကုန်-မကွေးခရီးသည် တစ်ဦးလျှင် (၆) သောင်းနှုန်းနဲ့ စက်တင်ဘာ (၃၀) ရက်နေ့အထိ အဲဒီဈေးတွေနဲ့ ရောင်းချ ပေးသွားမှာပါ။ ဒီကနေ့အစမှာ ခရီးသည်(၁၁)ဦး ရှိတဲ့အတွက် အဆင်ပြေမှုရှိပြီး ရေရှည်လုပ်ရမယ့် အလုပ်ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ပိုဆင်ပြေသွားမယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း မကွေးတိုင်းဇုံ ဥက္ကဋ္ဌ၊ မကွေးလေကြောင်းလိုင်း ကိုယ်စားလှယ် ဦးစံထွေး က ပြောသည်။

လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲတဲ့အတွက် အချိန်ကုန်သက်သာစေပြီး သက်ကြီးရွယ်အို တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အဆင်ပြေတယ်လို့ မကွေး-ရန်ကုန် ခရီးစဉ်မှာ လိုက်ပါမည့် ခရီးသည်များက ပြောသည်။

မကွေးလေးကြောင်းခရီးစဉ် ပြေးဆွဲမှုကို(၂၀၀၃)ခုနှစ်မှာ စတင်ပြေးဆွဲခဲ့ပြီး ခရီးသည် စီးနင်းမှု မရှိတာကြောင့် (၂၀၀၈) ခုနှစ်မှာ ရပ်နားထားခဲ့တာဖြစ်ပြီး (၁၀) နှစ်ဝန်းကျင် လေယာဉ်ခရီးစဉ် ပြေးဆွဲမှု ရပ်နားခဲ့ရာ မကွေးလေဆိပ်တွင် လေကြောင်း ခရီးစဉ်ကို ဇွန်လ(၂၅)ရက်နေ့မှ စတင်၍ ပြန်လည် ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

 

HOT NEWS
January 4,