“အမျိုးသားမြို့ပြ မူဝါဒ ရေးဆွဲရေး ကော်မတီ” ဖွဲ့စည်းနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

“အမျိုးသားမြို့ပြ မူဝါဒ ရေးဆွဲရေး ကော်မတီ” ဖွဲ့စည်းနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / June 26, 2019
image_latest


နေပြည်တော် ဇွန် ၂၆

မြန်မာနိုင်ငံ၏ အမျိုးသားမြို့ပြ မူဝါဒ ရေးဆွဲ ဆောင်ရွက်ရန်အတွက် အမျိုးသား မြို့ပြမူဝါဒ ရေးဆွဲရေး ကော်မတီ (National Urban Committee – NUC) ဖွဲ့စည်းနိုင်ရေး ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည်။

အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့ ကျင်းပသည့် အစည်းအဝေးသည် မြန်မာနိုင်ငံ၏ အမျိုးသား မြို့ပြမူဝါဒ ရေးဆွဲ ဆောင်ရွက်ရာတွင် ထိရောက်စွာ အကျိုးရှိစေရန်အတွက် အကြံပြုခြင်းနှင့် မဟာဗျူဟာ ကျသော လမ်းညွှန်မှုများကိုပေးအပ်ရန်အတွက် အမျိုးသား မြို့ပြမူဝါဒ ကော်မတီအား ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေး ဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် New Urban Agenda လုပ်ငန်းစဉ် (၂၀၁၆ - ၂၀၃၆) ချမှတ်၍ National Urban Policy ရေးဆွဲခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံတွင် အမျိုးသားမြို့ပြ မူဝါဒ ချမှတ်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် UN-Habitat တို့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် အဖြစ် National Urban Policy Program (NUPP) အစီအစဉ် (၂၀၁၇-၂၀၁၉)ကို ကိုရီးယားနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ National Urban Policy (NUP) ချမှတ်နိုင်ရန်အတွက် အမျိုးသားမြို့ပြ မူဝါဒမူဘောင် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသားမြို့ပြ ညီလာခံအကြို အလုပ်ရုံဆွေးနွေးပွဲများကို နေပြည်တော်တွင် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့ပြီး National Urban Committee ဖွဲ့စည်းရေး အတွက်လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက အကြိုဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ဌာနများ၏ သဘောထားများနှင့် ကိုယ်စားလှယ်အမည်စာရင်းများ တောင်းခံခဲ့ပါကြောင်း၊ အဖွဲ့ဝင် (၂၄) ဦးပါဝင်သည့် ကော်မတီဖွဲ့စည်းခွင့်ကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီသို့ တင်ပြဆောင်ရွက်ထားပါကြောင်း။

NUPP လုပ်ငန်းစဉ်အရ National Urban Forum (NUF)ကို၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြီး မြန်မာမြို့ပြ မူဝါဒ(၂၀၄၀)ကို ဆွေးနွေးအတည်ပြု ဆောင်ရွက်သွားမှာ ဖြစ်သောကြောင့် အမျိုးသားမြို့ပြ မူဝါဒကော်မတီအား ဖွဲ့စည်းထားမည်ဖြစ်ပြီး ဆောင်ရွက်သည့် အခါတွင် Myanmar Sustainable Development Plan (MSDP -2030) နှင့် လိုက်လျောညီထွေရှိသည့် အမျိုးသားမြို့ပြ မူဝါဒချမှတ်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က အမျိုးသားမြို့ပြမူဝါဒ ရေးဆွဲဆောင်ရွက်ခြင်းနှင့် အမျိုးသားမြို့ပြမူဝါဒ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က မြို့ပြမူဝါဒ ရေးဆွဲရေး ဦးစားပေးလုပ်ငန်း နယ်ပယ်များအားလည်းကောင်းရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ အမျိုးသား မြို့ပြမူဝါဒ ကော်မတီဖွဲ့စည်း နိုင်ရေးအတွက် အကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,