မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် ကနဦးအစီရင်ခံစာနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် ကနဦးအစီရင်ခံစာနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / July 17, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၇

မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်းအတွက် ကနဦးအစီရင်ခံစာနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူများ၏ အခွင့်အရေးများသာတူညီမျှ ရရှိရေး အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဖော် ဆောင်နိုင်ရန်လည်းအမျိုးသားအဆင့် ကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆင့်တွင် လုပ်ငန်းကော်မတီနှင့်ဆပ် ကော်မတီများ ဖွဲ့စည်းဆောင် ရွက်လျက်ရှိပါကြောင်း။

UNCRPD အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့် အညီကွန်ဗင်းရှင်း၏ အပိုဒ်(၃၅)(က)တွင် ဖော်ပြထားသည့် “အဖွဲ့ဝင် နိုင်ငံများသည် ဤသဘောတူစာချုပ်အရသတ်မှတ်ထားသော ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည့်စုံသည့်အစီရင်ခံစာ တစ်စောင်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှတစ်ဆင့် ကော်မတီသို့တင်သွင်းရန်” နှင့် အပိုဒ်(၃၅)(ခ)တွင်ဖော်ပြထားသည့် “ထိုသို့ တင်သွင်းပြီးနောက် အဖွဲ့ဝင်နိုင်ငံများသည် နောက်ဆက်တွဲအစီရင်ခံစာကို အနည်းဆုံး(၄)နှစ်(၁)ကြိမ် တင်ပြရန်” ပါရှိပါကြောင်း၊ ကနဦးအစီရင်ခံစာကို ၂၀၁၅ခုနှစ် ကတည်းက UNCRPD ကော်မတီသို့ တင်သွင်းထားပါကြောင်း၊ မြန်မာနိုင်ငံကတင်သွင်းသည့် UNCRPD ကနဦးအစီရင် ခံစာနှင့်စပ်လျဉ်း၍ ယခုနှစ် ဩဂုတ် (၂၈)ရက်နှင့် (၂၉)ရက်တို့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကသွား ရောက်တွေ့ဆုံဆွေးနွေး မည်ဖြစ်ပါကြောင်း၊ UNCRPD ကနဦးအစီရင်ခံစာသည် မသန်စွမ်း မှုနှင့်ဆက်စပ်သည့်ကိစ္စရပ်ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တက်ရောက်လာသောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကပေါင်း စပ်ညှိနှိုင်း ဆွေးနွေး ပေးကြစေလိုပါကြောင်းပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြာရေးမှူးချုပ်က အစည်းအဝေးကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ UNCRPD ကော်မတီကပေးပို့လာသည့် List of Issues နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြား ထားသောဧည့်သည် တော်များနှင့်တာဝန်ရှိသူများကသုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)
 

HOT NEWS
January 4,