၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ၂၀၁၉-၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်းသည့်အစည်းအဝေးကျင်းပ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ၂၀၁၉-၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်းသည့်အစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / July 17, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၇

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ၂၀၁၉-၂၀၂ဝခု၊ ဘဏ္ဍာရေး နှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဉပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေး ပူးပေါင်း အဖွဲ့(၂၀)ဖွဲ့တို့မှ ဉက္ကဋ္ဌ၊ ဒုတိယဉက္ကဋ္ဌများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ စိစစ်အတည်ပြုပေးနိုင်ရေး နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ယခုဆိုလျင် စီမံကိန်း၊ ဘတ်ဂျက်စိစစ်မှုသည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လေးကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အတွက် ထိုက်သင့်တဲ့လုပ်ငန်းအတွေ့အကြုံ များလည်း ရရှိပြီးဖြစ်ကြောင်း၊ စိစစ်ရာတွင် အားသာချက်များကို ထိန်းသိမ်းပြီး အားနည်းချက်များကို ပြန်လည် သုံးသပ်၍ ဂရုပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စိစစ်ရေးပူးပေါင်းအဖွဲ့များကိုလည်း ကြိုတင်ဖွဲ့စည်း ထားပြီးဖြစ်၍ အစီရင်ခံစာများကို သတ်မှတ်ရက်အတိုင်း ပေးပို့ကြရန်နှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီတို့မှလည်း သတ်မှတ်ရက်အတိုင်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကနှင့် အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က အမှာစကားများ ပြောကြားပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်မင်းက ဉပဒေကြမ်းများစိစစ်ခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စိစစ်ရေးပူးပေါင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့်ဒုဥက္ကဋ္ဌများက ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

အဆိုပါ အစည်းအဝေးသို့ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများ၊ စီမံကိန်းလုပ်ငန်းများ နှင့်ရငွေသုံးငွေများစိစစ် ရေးပူးပေါင်း အဖွဲ့(၂၀)ဖွဲ့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

 (သတင်းစဉ်)

 

HOT NEWS
January 4,