၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲများ ဒုတိယနေ့ ဆက်လက် ကျင်းပ၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တက် ရာက်ကြည့်ရှုအားပေး

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲများ ဒုတိယနေ့ ဆက်လက် ကျင်းပ၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တက် ရာက်ကြည့်ရှုအားပေး


Ministry of Information/ ​နေပြည်တော် / August 01, 2019
image_latest


နေပြည်တော် ဩဂုတ် ၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသော ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို ပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန် ကြား ရေးမှူး ချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ၊ တက်ရောက်ကြည့်ရှု အားပေးသည်။
ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား(-၆၀)ကီလိုတန်း၊ အမျိုးသား(-၈၁)ကီလိုတန်း၊ အမျိုးသမီး (-၅၇)ကီလိုတန်း၊ အမျိုးသမီး(-၆၃)ကီလိုတန်း၊ အမျိုးသမီး (-၇၀)ကီလိုတန်း၊ အမျိုးသမီး (-၇၁)ကီလို တန်း၊ အမျိုးသမီး (+၇၈)ကီလိုတန်း၊ အမျိုးသား (+၁၀၀)ကီလိုတန်း၊ အမျိုးသမီး (-၇၈)ကီလိုတန်းပြိုင် ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပသည်။
အဆိုပါ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲများကို ဩဂုတ်- ၂ ရက်အထိ ကျင်းပသွား မည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စားသူများအနေဖြင့် နေပြည်တော် လယ်ဝေးအားကစား ကွင်း ဂျူဒိုအားကစားခန်းမတွင်လာရောက် ကြည့်ရှုနိုင်ပါကြောင်းသိရသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,