စုံညီခုံရုံးက အယူခံမှုအမှတ် (၂/၂၀၁၉) ကို အပြီးသတ်အမိန့်ချမှတ်

စုံညီခုံရုံးက အယူခံမှုအမှတ် (၂/၂၀၁၉) ကို အပြီးသတ်အမိန့်ချမှတ်


Ministry of Information/ ​နေပြည်တော် / August 02, 2019
image_latest


နေပြည်တော် ဩဂုတ် ၁

 

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါ်နန်းထွေးမှုံက ယင်းမဲဆန္ဒနယ် တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်း ထွန်းစိန်(ခ) ဦးကျော်စိန်အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့သဖြင့်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့(၂)ဖြင့် ကြားနာစစ်ဆေးခဲ့ရာ ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန်(ခ) ဦးကျော်စိန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်ကြောင်းနှင့်လျှောက်ထားသူဒေါ်နန်းထွေးမှုံ၏ ကန့်ကွက်လွှာကို ပယ်ကြောင်း ဆုံးဖြတ်ချက် ချ မှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အပေါ် မူလလျှောက်ထားသူ ဒေါ်နန်းထွေးမှုံက အယူခံမှု လျှောက် ထားတင်ပြလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အယူခံမှုအမှတ် (၂/၂၀၁၉) ဖြင့် လက်ခံခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ကော်မရှင် အဖွဲ့ဝင် အားလုံးပါဝင်သည့် စုံညီခုံရုံးက ယင်းအမှုကို ဇူလိုင် ၁၇ ရက်တွင် ကြားနာမှုပြုခဲ့ပြီး နောက် “မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စား လှယ်အဖြစ် ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်းထွန်းစိန်(ခ)ဦးကျော်စိန်အား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း” ရွေးကောက်ပွဲခုံအဖွဲ့ (၂)၏ ဆုံးဖြတ်ချက်ကို အတည်ပြု၍ ဒေါ်နန်းထွေးမှုံ၏ အယူခံလျှောက်ထားချက်ကို ပလပ်လိုက်သည် ဟု ယနေ့ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,