မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ ဗာရာဏသီမြို့အနီး မိဂဒါဝုန် ဥယျာဉ်ရှိ အထင်ကရ ဗုဒ္ဓဝင်နေရာများအား ဖူးမြော်ကြည်ညို

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ ဗာရာဏသီမြို့အနီး မိဂဒါဝုန် ဥယျာဉ်ရှိ အထင်ကရ ဗုဒ္ဓဝင်နေရာများအား ဖူးမြော်ကြည်ညို


Ministry of Information/ ​နေပြည်တော် / August 02, 2019
image_latest


နေပြည်တော် ဩဂုတ် ၁

 

အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဗာရာဏသီ မြို့အနီးရှိ မြတ်စွာဘုရားရှင်အား ပဉ္စဝဂ္ဂီ ငါးဦးတို့မှ ခရီးဦးကြိုသည့် နေရာတွင် အထိမ်းအမှတ်အဖြစ်တည်ထားသည့် ချောက်ခဏ္ဍီ စေတီတော်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုသည်။

 

ထို့နောက် မိဂဒါဝုန်ဥယျာဉ်အတွင်းရှိ ဓမ္မရာဇိကစေတီတော်၊ ဓမ္မေခစေတီ တော်၊ မိဂဒါဝုန် ဥယျာဉ်အနီး သီရိလင်္ကာနိုင်ငံမှ တည်ထားကိုးကွယ်သည့် ဓာတ်တော်တိုက် တို့အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဓာတ်တော်တိုက်ဆရာတော်ထံအလှူငွေ များ ပေးအပ်လှူဒါန်းကာ ဓာတ်တော်တိုက် ပရိဝုဏ်အတွင်းရှိ မြတ်စွာဘုရားမှ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦး ဟောကြားနေသည့် ရုပ်ပွား တော်များကို ဖူးမြော်ကြည်ညို ကြသည်။

 

နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗာရာဏသီမြို့အတွင်းရှိ ဆေးဝင်္ကပါ မြန်မာ ကျောင်းတိုက်သို့ ရောက်ရှိ ကြပြီး ဆရာတော် ဒေါက်တာဘဒ္တမဏ္ဍလ ထံမှ ငါးပါးသီလခံယူ ဆောက် တည်၍ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ န၀ကမ္မ အလှူငွေနှင့် လှူ ဖွယ် ပစ္စည်းများကို လည်းကောင်း၊ ဗာရာဏသီမြို့ရှိ စာသင်သားသံဃာ တော်များနှင့် သာသနာ့ အနွယ်ဝင်သီလရှင်များအား န၀ကမ္မ အလှူ ငွေများကိုလည်းကောင်း ဆက်ကပ် လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။

 

ကြည့်ရှုအားပေး

 

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗာရာဏသ မြို့ရှိ 39 Gorkha Training Centre (GTC) ကျောင်းသို့ ရောက်ရှိပြီး မီတာ ၅၀၀ စက်ပစ်ကွင်း အတွင်း သင်တန်းသားများ၏ လက်နက်ငယ် ပစ်ခတ်လေ့ကျင့်မှုအား Dronacharya Fire Control Centre မှ ကြည့်ရှုလေ့လာကြကာ သင်တန်းသား များ၏ ဂေါ်ရခါးဓားဖြင့် တိုက်ခိုက်ရေး စွမ်းရည် သရုပ်ပြပွဲအား ကြည့်ရှုအားပေးကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်

 

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

HOT NEWS
January 4,