ဂျိုင်းမြစ်ရေမြှင့်တက်လာသည့်အတွက် ဂျိုင်း-ကော့ကရိတ်တံတားတွင် ယာဉ်များသွားလာရန်ခက်ခဲ

ဂျိုင်းမြစ်ရေမြှင့်တက်လာသည့်အတွက် ဂျိုင်း-ကော့ကရိတ်တံတားတွင် ယာဉ်များသွားလာရန်ခက်ခဲ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 13, 2019


ဘားအံ ဩဂုတ် ၉

 ကရင်ပြည်နယ်တွင် မြစ်ချောင်းများ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းမှစ၍ ဘားအံ-ကော့ကရိတ်-မြ၀တီလမ်းပိုင်း ဂျိုင်း-ကော့ကရိတ် တံတားတွင် ဂျိုင်းမြစ်ရေမြှင့်တက်လာသည့်အတွက် ပွန်တွန်းဘောတံတားချဉ်းကပ်လမ်း ရေမြုပ်နေသည့်အတွက် ကားကြီးများ တစ်စီးနှင့်တစ်စီးစောင့်ဆိုင်းသွားလာနေရပြီး ယာဉ်ငယ်များသွားလာရန် ခက်ခဲနေကြောင်း သိရသည်။

 ဘားအံ-ကော့ကရိတ်-မြ၀တီလမ်းပိုင်း ဂျိုင်းမြစ်ရေမြှင့်တက်လာမှုကြောင့် ကျားကလေးနှင့်ကျုံဒိုးကြား ကားလမ်း မကြီးပေါ်တွင် (၅)နေရာခန့်ရေကျော်နေသည့်အတွက် ယာဉ်ငယ်များဖြတ်သန်းသွားလာမှုအဆင်မပြေဖြစ်နေသောကြောင့် ယဉ်ငယ်များအနေဖြင့် ထီလုံ-တာပေါင်-ပတ-နဘူး-တံတားကြိုး(ကော့ကရိတ်)လမ်းဘက်မှ သွားလာကြပါက အဆင်ပြေ မည်ဖြစ်ကြောင်း၊ သို့သော် အဆိုပါလမ်းတွင် သစ်သားတံတားများရှိနေသည့်အတွက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှု မပြုကြရန် ပြည်နယ်လမ်းဉီးစီးဌာနမှ နိုးဆော်ထားသည်။

 ဂျိုင်းမြစ်ရေမြှင့်တက်လာမှုကြောင့် ကျုံဒိုးမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုကို ဖွင့်လှစ်ထားရှိြပီး အိမ်ထောင်စု ၁၆၁ စု၊ လူဉီးရေ ၇၄၂ ဉီး ပြောင်းရွှေ့နေထိုင်လျက်ရှိကာ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုအပ် သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,