မော်လမြိုင်- မြဝတီသွား ဇာသပြင်- အိန္ဒုကားလမ်းမပေါ်ရှိ ဘုရားကုန်းကျေးရွာကားလမ်းအပိုင်း ရေဖြတ်ကျော်လျှက်ရှိ

မော်လမြိုင်- မြဝတီသွား ဇာသပြင်- အိန္ဒုကားလမ်းမပေါ်ရှိ ဘုရားကုန်းကျေးရွာကားလမ်းအပိုင်း ရေဖြတ်ကျော်လျှက်ရှိ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 13, 2019


ဘားအံ - သြဂုတ် ၉

 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် သြဂုတ်လ (၆)ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခဲ့ပြီး ဘားအံ-မော်လမြိုင်သွား အဖြောင့်လမ်းမကြီးပေါ်ရှိ ဘားအံ-ဇာသပြင်သွား လမ်းအပိုင်းအချို့တွင်လည်းကောင်း၊ မြဝတီ-မော်လမြိုင် ဆက်သွယ်သွားလာနိုင်သည့် မော်လမြိုင်-ဇာသပြင်-အိန္ဒုလမ်းမပေါ်တွင်လည်းကောင်း၊ ရေဖြတ်ကျော်မှုများရှိခဲ့ရာ သြဂုတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ဇာသပြင်-အိန္ဒုကားလမ်းမပေါ် ဘုရားကုန်းကျေးရွာ ကားလမ်းပိုင်းအပါအဝင် လမ်းရေကျော်မှုများရှိနေကြောင်း သိရသည်။
 အဆိုပါလမ်းအပိုင်းလိုက် ရေဖြတ်ကျော်လျှက်ရှိရာ ဇာသပြင်- အိန္ဒုကားလမ်းမပေါ် ဘုရားကုန်းကျေးရွာအနီး ကားလမ်းအပိုင်းသည် လမ်းအရှည် (၂၀၀)ပေခန့်၊ အနက်ဆုံးရေ(၂)ပေနီးပါး လမ်းရေကျော်မှုတွင် ယာဉ်များသွားလာ ရာတွင် လမ်းတိမ်းချော်မှုမရှိစေရေး အမှတ်အသားများ စိုက်ထူမှတ်ပေးခြင်းနှင့် ယာဉ်များသွားလာရေး အဆင်ပြေ စေရေးအတွက် ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးနေလျှက်ရှိကြောင်း သိရသည်။

HOT NEWS
January 4,