ကရင်ပြည်နယ်အစိုးရအဖွဲ့မှဘားအံမြို့ရေဘေးကယ်ဆယ်ရေးစခန်းများ၌ အာဟာရဖြည့်စွက်အစားအစာများကျွေးမွေး

ကရင်ပြည်နယ်အစိုးရအဖွဲ့မှဘားအံမြို့ရေဘေးကယ်ဆယ်ရေးစခန်းများ၌ အာဟာရဖြည့်စွက်အစားအစာများကျွေးမွေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 13, 2019


ဘားအံ ဩဂုတ် ၁၀

 ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေချောင်းရေများ မြှင့်တက်လာခြင်းနှင့် တောင်ကျရေ များစီးဆင်းလာခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး လူနေရပ်ကွက်အချို့တွင် ရေများဝင်ရောက်ကာ ဆက်လက် နေထိုင်ရန်မဖြစ်နိုင်တော့သည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်စေလျက်ရှိရာ ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ဉီးဆောင်သော ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ အာဟာရဖြည့်စွက် ကြက်သားဆန်ပြုတ်များ တိုက်ကျွေးခဲ့ကြသည်။

 ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့ အမှတ်(၅)ရပ်ကွက်ရှိ အလက(၆)ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၂၅၆ စု၊ လူဦးရေ ၁၂၆၉ ဦးတို့အား အာဟာရဖြည့်စွက် ကြက်သားဆန်ပြုတ်ကို တိုက်ကျွေးခဲ့ကြပြီး အလားတူ ပြည်နယ် လွှတ်တော်ဥက္ကဌဦးစောချစ်ခင်၊ ဒုတိယဥက္ကဌဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်နှင့် ပြည်နယ် လွှတ်တော်ရုံးမိသားစုများသည် အထက(ခွဲ)-၃ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၁၀၁)စု လူဦးရေ(၅၆၀)ဦးကို လည်းကောင်း၊ ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊သစ်တော၊သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် Cyclone Shelter ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၉၅)စု လူဦးရေ(၄၄၄)ဦးကိုလည်းကောင်း အာဟာရဖြည့်စွက် ကြက်သားဆန်ပြုတ်များ တိုက်ကျွေးခဲ့ကြသည်။

 အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဩဂုတ်လ ၉ ရက်နေ့၊ နံနက်ပိုင်းက ရွှေယဉ် မျှော်ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၂၁၂)စု လူဦးရေ(၁၀၆၉)ဦကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့်လွှတ်တော်မိသားစုများက မိုးလုံလေလုံရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၂၁၈)စု လူဦးရေ(၉၅၂)ဦးကိုလည်းကောင်း အာဟာရဖြည့်စွက် ကြာဇံဟင်းခါးများ တိုက်ကျွေးခဲ့သည်။

 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်တိုင်းထွာချက်များအရ ၇၆၄ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်နေဆဲဖြစ်သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုကို ဆက်လက်ဖွင့်ထားရပြီး အိမ်ထောင်စု(၁၂၃၀)စု၊ လူဦးရေ(၆၀၃၃)ဦး နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

HOT NEWS
January 4,