ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 13, 2019


ဘားအံ ဩဂုတ် ၁၁

 ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများမြှင့်တက်လာခြင်း၊ တောင်ကျရေများ စီးဆင်းလာခြင်းတို့ကြောင့် မြို့နယ်(၆)မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်ခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့သည်။

 ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေ၊သစ်တော၊သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘုရားကုန်းကျေးရွာ ငြိမ်းချမ်းရေး ခန်းမ၌ ပဒိုအောင်ဆန်းနှင့် ငြိမ်းချမ်းရေးမိသားစု အိမ်ထောင်စု(၅၀)စုအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ အစရှိသည့် စားသောက်ကုတ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရွေတောကျေးရွာ ပိုးကရင်နှစ်ခြင်းအသင်းတော် တွင် ရွှေတော၊ ကော့လုံးစိန်၊ ကော့ပရံ၊ ကော့အီမိုက် ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စု (၁၂၃) စုအတွက် အလားတူ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သံလွင်မြစ်အနောက်ဘက်ကမ်း မုက္ကဒိကျေးရွာနှင့် ဖားနွဲ့ကျွန်းတို့ကို ဆက်သွယ်ပေးထားသော အိပ်မက်တံတား(မုက္ကဒိ-ဖားနွဲ့ကျွန်း လူကူကြိုးတံတား) တောင့်တင်းကြံခိုင်မှုနှင့်စပ်လျဉ်း၍ သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကာ မုက္ကဒိတောင်နား ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းအတွက် ဆန်(၁၅)အိတ်နှင့် ဖားနွဲ့ကျွန်းကျေးရွာရှိ အိမ်ထောင်စု (၁၉၆)စုအတွက် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 အလားတူ ဘားအံမြို့ပေါ်ရှိ ရေဘေးစခန်းများတွင်လည်း ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ကြက်သားဆန်ပြုတ်၊ ပဲနို့၊ မုန့်နှင့်ရေသန့်ဗူးများကို ဝေငှပေးခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေ မှတ်အောက် ၇၃၅ စင်တီမီတာသို့ ပြန်လည်ကျဆင်းခဲ့သော်လည်း မွန်းလွဲ ၁၂ နာရီအချိန်ထိ ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုကို ဖွင့်လှစ်ထားဆဲဖြစ်ကာ အိမ်ထောင်စု ၁၁၈၈ စု၊ လူဦးရေ ၅၈၁၄ ဦး ခိုလုံနေထိုင်လျက်ရှိကြောင်းနှင့် ဘားအံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၈၅ ကျောင်း ပြန်လည်ဖွင့်လှစ်ရန်ကျန်ရှိနေသေးကြောင်း သတင်းရရှိ သည်။

HOT NEWS
January 4,