စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မွန်ပြည်နယ် ရေဘေးကယ်ဆယ်ရေး အတွက် အလှူငွေပေးအပ် လှူဒါန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မွန်ပြည်နယ် ရေဘေးကယ်ဆယ်ရေး အတွက် အလှူငွေပေးအပ် လှူဒါန်းပွဲ ကျင်းပ


Ministry of Information/ စစ်ကိုင်း / August 13, 2019
image_latest


စစ်ကိုင်း  ဩဂုတ် ၁၃

မွန်ပြည်နယ် အတွင်းရှိ ရေးဘေးသင့် ပြည်သူများအား လိုအပ်သော ကူညီထောက်ပံ့မှုများဆောင်ရွက် နိုင်ရန် အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ ညနေ(၅)နာရီက စစ်ကိုင်းမြို့၊ လေးကျွန်းမြေ အုဌ်ကျောင်း ဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးမိုးကျော်သူနှင့် တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မွန်ပြည်နယ် ရေဘေး ကယ်ဆယ်ရေးအတွက် အလှူငွေ ကျပ်(၁၆၆)သိန်းနှင့် ဆန်အိတ်များကို တိုင်းဒေသကြီး ဝန်ကြီးများက ပေးအပ် လှူဒါန်းရာ သုခကာရီ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက လက်ခံရယူသည်။

အဆိုပါ လှူဒါန်းငွေများနှင့် ဆန်အိတ်များကို စစ်ကိုင်းမြို့ သုခကာရီ လူမှုကူညီရေးအဖွဲ့မှ အသင်းသားများနှင့် တာဝန် ရှိသူများက ယနေ့ည(၇)နာရီမှ စတင်ကာ မော်တော် ယာဉ်များဖြင့် ထွက်ခွာသွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းခရိုင် (ပြန်/ဆက်)

HOT NEWS
January 4,