၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်း ထွက်ခွာ

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်း ထွက်ခွာ


Ministry of Information/ ​နေပြည်တော် / August 14, 2019
image_latest


ရန်ကုန် ဩဂုတ် ၁၃

ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်သည်။

ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ အဖြစ် ဦးတင်မြင့်အောင်၊ နည်းပြချုပ်- ဦးဝင်းသူ မိုး၊ လက်ထောက် နည်းပြ- ဦးခင်မောင် ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်သန်းသန်း ထွေး၊ ဂိုးနည်းပြ- ဦးမြကို မင်း၊ အားကစား သမားများအဖြစ် ဂိုး-မေဇင်နွယ်၊ သန္တာဦး (မြ၀တီ)၊ ခိုင်ဇာဝင်း (အား/ကာ)၊ နောက်တန်း- အိရတနာဖြိုး၊ ဝေဝေအောင်၊ ခင်မျိုးဝင်း၊ ဇင်ဇင်နိုင် (အား/ကာသိပ္ပံ)၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ခိုင်သဇင် (မြ၀တီ)၊ ချစ်ချစ် (သစ္စာအားမာန်)၊ ဖြူဖြူဝင်း (YREO)၊ အလယ်တန်း-ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း (သစ္စာအား မာန်)၊ ခင်မာ လာထွန်း၊ သင်းသင်းယု၊ လဲ့လဲ့လှိုင် (ဇွဲကပင်)၊ မေသူကျော် (မြ၀တီ)၊ ရှေ့တန်း-ခင်မိုးဝေ၊ ဂျူလိုင် ကျော် (သစ္စာ အားမာန်)၊ နုနု၊ ရီရီဦး (အား/ကာသိပ္ပံ)နှင့် ဝင်းသိင်္ဂီထွန်း (မြ၀တီ) တို့ ပါဝင်ကြသည်။

ယင်းပြိုင်ပွဲကို ဩဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (ခ) တွင် မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား အသင်းတို့ ပါဝင်နေ သည်။ မြန်မာအသင်းသည် အုပ်စု ပွဲများ အဖြစ် ဩဂုတ် ၁၆ ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဩဂုတ် ၁၈ ရက် တွင် ကမ္ဘောဒီးယားအသင်း၊ ဩဂုတ် ၂၀ ရက်တွင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာ အမျိုးသမီး အသင်းသည် ယင်းပြိုင်ပွဲအတွက် ဇွန်လဒုတိယပတ် ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး နှစ်လ ကျော် အချိန်ယူပြင်ဆင် ခဲ့သော်လည်း နိုင်ငံတကာခြေစမ်းပွဲကစားခွင့်မရခဲ့ဘဲ ပြည်တွင်း ခြေစမ်း ပွဲများသာ ကစားပြီး သွားရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

 

HOT NEWS
January 4,