အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / August 16, 2019
image_latest


နေပြည်တော် သြဂုတ် ၁၆

အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ် (I - 20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး ဇွန် ၂၅ ရက်မှ ဇူလိုင် ၈ ရက်အထိ မကွေးတိုင်းဒေသကြီးသို့ ကွင်းဆင်းစိစစ်ခဲ့သည့် မေးခွန်းများနှင့့် စပ်လျဉ်းသည့် ကိစ္စရပ်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် မှာကြားသည်။

ထို့နောက် မေးခွန်းရှင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၆)နှင့် ကော်မတီ အဖွဲ့ဝင်များက ကွင်းဆင်းလေ့လာ စိစစ်တွေ့ရှိချက်များကို တင်ပြခဲ့ပြီး၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည်ရှင်းလင်း တင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပေါင်းစပ်ညှိနှိုင်းပေးသည်။

အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ မေးခွန်းရှင် ကိုယ်စားလှယ်များ၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,