ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံကဗျာ ဆရာသမဂ္ဂ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်နှင့် မြဧရာဖောင်ဒေရှင်းတို့က အလှူငွေများလှူဒါန်း

ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံကဗျာ ဆရာသမဂ္ဂ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်နှင့် မြဧရာဖောင်ဒေရှင်းတို့က အလှူငွေများလှူဒါန်း


Ministry of Information/ ရန်ကုန် / August 17, 2019
image_latest


ရန်ကုန် ဩဂုတ် ၁၇

 

မြန်မာနိုင်ငံအတွင်းရှိ ရေးဘေးသင့်ဒေသများအတွက် ထောက်ပံ့မှုများနှင့် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အလှူငွေများ လှူဒါန်းပွဲကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

 

 ရှေးဦးစွာ မြန်မာနိုင်ငံကဗျာ ဆရာသမဂ္ဂ က ငွေကျပ် ၂၁၅ သိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က ငွေကျပ်(၅၁)သိန်း၊ မြဧရာဖောင်ဒေးရှင်းက ကမကထပြု၍ ရွာသာကြီးစက်မှုဇုန်မှလုပ်ငန်းရှင်များနှင့် ပြည်သူများက ငွေကျပ် ၈,၁၈၃,၀၀၀ နှင့်ငွေကျပ် ၆၃၉၀၀၀ တန်ဖိုးရှိ ခေါက်ဆွဲခြောက်ပါကင် (၃၀) တို့ကိုလှူဒါန်းကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့က လက်ခံရယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ကျင်းပသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လောကသား များက ရုပ်ရှင်နှစ်တစ်ရာပြည့်အကြို ပြည်သူ့အကျိုးပြုလှုပ်ရှားမှု အစီအစဉ်တွင် နိုင်ငံတစ်ဝန်း ရေဘေးနှင့်သဘာဝ ဘေးများ ခံစားနေကြရသော ပြည်သူများအတွက် အလှူငွေလှူဒါန်းပွဲသို့ တက်ရောက်သည်။

 

လှူဒါန်းပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းကလှူဒါန်းရသည့်အကြောင်း ရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ငွေကျပ်သိန်း (၁၀၀) မတည်ကာ ရုပ်ရှင်လောကသားများ၏ စုပေါင်းလှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၂၆,၂၁၁,၀၀၀ ကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန် လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

(သတင်းစဉ်)

HOT NEWS
January 4,