ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာယူနီကုဒ် စံစနစ်သို့ ကူးပြောင်းရေး လုပ်ငန်းစဉ်များ စတင်ခြင်းအခမ်းအနား တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာယူနီကုဒ် စံစနစ်သို့ ကူးပြောင်းရေး လုပ်ငန်းစဉ်များ စတင်ခြင်းအခမ်းအနား တက်ရောက်


Ministry of Information/ ​နေပြည်တော် / August 18, 2019
image_latest


ရန်ကုန် ဩဂုတ် ၁၈

 

မြန်မာယူနီကုဒ်စံစနစ်သို့ ကူးပြောင်းရေး လုပ်ငန်းစဉ်များ စတင်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ရှိ MICT Park Conference Hall ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် မြန်မာယူနီကုဒ်စံစနစ်သို့ ကူးပြောင်းရေးလုပ်ငန်းစဉ် စတင်နေပြီဖြစ်ကြောင်း၊ မြန်မာယူနီကုဒ်ကို ကွန်ပျူတာသုံး မြန်မာစာစံစနစ်အဖြစ် သတ်မှတ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ရုံးဌာနများတွင် ဧပြီ ၁ ရက်မှစတင်၍ ယူနီကုဒ်နိုင်ငံတကာစံ ISO 10646 နှင့် ကိုက်ညီအောင် ဆောင်ရွက်ထားသော Pyidaungsu Font စနစ်ကို အောင်အောင်မြင်မြင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ ဖြစ်ကြောင်း၊ နိုင်ငံတဝန်းတွင် စံစနစ်ဖြစ်သော မြန်မာယူနီကုဒ်စနစ်ကို ပြောင်းလဲသုံးစွဲနိုင်ရေး ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးနှင့် ဆိုရှယ်မီဒီယာများပေါ်တွင် လက်ရှိရေးသား သုံးစွဲလျက်ရှိသည့် မြန်မာစာစနစ်များအစား မြန်မာယူနီကုဒ်စနစ်ကို လာမည့် အောက်တိုဘာ ၁ ရက်မှစပြီး တရားဝင် စတင်ကူးပြောင်းသုံးစွဲနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ မကြာမီစတင်မည့် မြန်မာယူနီကုဒ်စံစနစ်သို့ ကူးပြောင်းရေး လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အများပြည်သူ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းကူညီပေးကြမည့် အနုပညာရှင်များကို မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းရေး သံတမန်အဖြစ် ခန့်အပ်သည်။

(သတင်းစဉ်)

 

HOT NEWS
January 4,