ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီအတွေ့အကြုံ ရှင်းလင်းပွဲသို့ တက်ရောက်ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီအတွေ့အကြုံ ရှင်းလင်းပွဲသို့ တက်ရောက်ဆွေးနွေး


Ministry of Information/ ​နေပြည်တော် / August 23, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၃

အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ် သည့် အတွေ့အကြုံ ရှင်းလင်းပွဲအား ယနေ့မွန်းလွဲ ၂ နာရီက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ယနေ့ ပညာရေးသည်(Industrial Revolution-IR 4.0)၏ စိန်ခေါ်မှုနှင့် တွေ့ကြုံနေ ရပါကြောင်း၊ တက္ကသိုလ်များတွင် သင်ရိုးညွှန်းတမ်းကို ပေါင်းစပ်ဘာသာရပ် နယ်ပယ် များ အဖြစ် (Industrial Revolution-IR 4.0)နှင့် လိုက်လျောညီထွေ ပြင်ဆင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဘာသာရပ် နယ်ပယ်များတွင် IoT, Big data analysis, cyber-physical systems or robotics တို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်များတွင် ပေါင်းစပ်ဘာသာရပ် နယ်ပယ်များအတွက် စကားဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ (Industrial Revolution-IR 4.0) နှင့် ပတ်သက်သော အခမ်းအနားများ ကျင်းပရန် အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ တက္ကသိုလ်များ သင်ရိုးညွှန်းတမ်း ပြင်ဆင်ဆောင်ရွက်ရာတွင် မည်သို့ပူးပေါင်း ပံ့ပိုး ကူညီနိုင်သည်ကို အခြားနိုင်ငံများ၏ အတွေ့အကြုံများကိုလေ့လာ၍ ဆောင်ရွက် သင့်ပါကြောင်း။

ထို့အပြင် အင်္ဂလိပ်ဘာသာစကားနှင့် အိုင်စီတီကျွမ်းကျင် အောင်လေ့ကျင့်ပေးရန်၊ အသုံးချ သုတေသနများ တိုးမြှင့်ဆောင်ရွက်ရန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်း၊ အရည်အသွေးအာမခံမှု၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ငါးမွေမြူရေး၊ ရေနှင့်သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး ဥပဒေ၊ နိုင်ငံတကာဥပဒေ၊ စီးပွားရေး စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေး၊ သိပ္ပံ၊နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ၊ အခြေခံအဆောက်အဦ(မြို့ပြ၊ လျှပ်စစ်)၊ ခရီးသွားလုပ်ငန်း၊ သတ္ထုလုပ်ငန်း၊ စက်မှု ဒီဇိုင်း၊ မိုဘိုင်းနည်းပညာ၊ ဒေတာအချက်အလက်၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး၊ လေကြောင်းနှင့်အာကာသနည်းပညာ၊ ဆိုက်ဘာ လုံခြုံရေး၊ ဆက်သွယ်ရေး ကွန်ရက်၊ မော်တော်ကားပြုပြင်ထိန်းသိမ်းခြင်း၊ လေယာဉ်ပြုပြင် ထိန်းသိမ်းခြင်း၊ သက်ကြီးစောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုပညာရပ်များကိုလည်း ထည့်သွင်း လေ့ကျင့်သင်ကြားပေးနိုင်ရန် လိုအပ်ပါကြောင်းစသည်ဖြင့် ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲအား အစီအစဉ် အတိုင်း ဆက်လက်ကျင်းပကြသည်။

ယနေ့အခမ်းအနားသို့ အမျိုးသားပညာရေး ပညာရေးမူဝါဒကော်မရှင် အဖွဲ့ဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေရှိတက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာဆရာမများ၊ ဌာနမှူးများ၊ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသား သမဂ္ဂကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,