မတ္တရာမြို့နယ် ရေနံသာ အနာကြီးရောဂါ အထူးကုဆေးရုံကြီးအား ပြန်လည်သန်စွမ်းရေး ဆေးရုံအဖြစ် ပြောင်းလဲ ဖွင့်လှစ်နိုင်ရေး ဆွေးနွေး

မတ္တရာမြို့နယ် ရေနံသာ အနာကြီးရောဂါ အထူးကုဆေးရုံကြီးအား ပြန်လည်သန်စွမ်းရေး ဆေးရုံအဖြစ် ပြောင်းလဲ ဖွင့်လှစ်နိုင်ရေး ဆွေးနွေး


Ministry of Information/ ​နေပြည်တော် / September 16, 2019
image_latest


 

နေပြည်တော် စက်တင်ဘာ ၁၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ရေနံသာအနာကြီးရောဂါ အထူးကုဆေးရုံကြီးသို့ သွားရောက်ပြီး “ပြန်လည်သန်စွမ်းရေး ဆေးရုံ (အထက် မြန်မာပြည်)” အဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ရှေးဦးစွာ ရေနံသာ အနာကြီးရောဂါ အထူးကုဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာ ခင်မို့မို့က အနာကြီးရောဂါ လူနာနှင့် အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းမှုဖြစ်ပွားသူ လူနာများ ကိုကုသပေးနေမှု၊ ခြေတုတပ်ဆင်ပေး ခြင်းလုပ်ငန်းနှင့် အကြောအဆစ်ပြန်လည သန်စွမ်းရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ဝန်ထမ်းအင်အားနှင့် အဆောက်အအုံများ အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ဆေးရုံအုပ်ကြီးအပါအဝင် ဝန်ထမ်းများအားလုံးက စိတ်စေတနာ ပြည့်၀စွာဖြင့် ကြိုးစားဆောင်ရွက်ပေးနေ သည်ကို တေွ့ရှိရသည်မှာ အလွန်ကောင်း မွန်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာကြီး ရောဂါဖြစ်ပွားမှုနှုန်းသည် ၂၀၁၈ခုနှစ် စာရင်းအရ လူဦးရေ ၁၀၀၀ လျှင် ၀ ဒသမ ၃၉ ဦးသာ ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ် အနာကြီးရောဂါ လူနာသစ် ၂၀၀၀ ခန့် ရှိနေသေးသောကြောင့် အနာကြီး ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း။

ဤရေနံသာ ဆေးရုံကြီးကို အနာကြီးရောဂါ လူနာကုသရေးနှင့် ဆက်စပ်လုပ်ငန်းများကိုသာမက အခြား ကိုယ် အင်္ဂါ မသန်စွမ်းလူနာအမျိုးမျိုးကို လည်း ပြုစုကုသပေးနိုင်သည့် ပြန်လည် သန်စွမ်းရေးဆေးရုံ (အထက်မြန်မာပြည်) အဖြစ် တိုးချဲ့ပြောင်းလဲဖွင့်လှစ်နိုင်ရေး အတွက် လိုအပ်သော ကျွမ်းကျင်ဝန်ထမ်း များ၊ အဆောက်အအုံများနှင့် စက်ပစ္စည်း ကိရိယာများကို ဝန်ကြီးဌာနက ဦးစား ပေးအစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါ ကြောင်း။

ဤဆေးရုံကြီးကို အမျိုးသား ပြန်လည်သန်စွမ်းရေးဆေးရုံ (ရန်ကုန်) ကဲ့သို့ ကိုယ် အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆိုင်ရာ ကုသမှုအမျိုးမျိုး ပြုလုပ်ပေးနိုင်သော အဆင့်အတန်းရှိသည့် ဆေးရုံ ကြီးတစ်ခုဖြစ်လာစေရန် ဝန်ကြီးဌာနမှ လိုအပ်ချက်များကို အဆင့်လိုက် ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်၊ (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှူး၊ အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံအုပ် (ရန်ကုန်) တို့မှ ပြန်လည်သန်စွမ်းရေးဆေးရုံ (အထက် မြန်မာပြည်) အဖြစ် ပြောင်းလဲဖွင့်လှစ် နိုင်ရေးအတွက် အထွေထွေအကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် ရေနံသာအနာကြီးရောဂါ အထူးကု ဆေးရုံရှိ ပြင်ပလူနာဌာန၊ လူနာဆောင် များ၊ ဓါတ်ခွဲဌာန၊ အကြောအဆစ်ကုဌာန၊ ခြေတုလက်တုနှင့် အားပြုကိရိယာဌာနခွဲ၊ ခြေတုလက်တုထုတ်လုပ် တပ်ဆင်ဌာန ခွဲ၊ ဖိနပ်ချုပ်လုပ်ငန်းဌာနခွဲများသို့ လှည်လည်ကြည့်ရှု၍ မော်တော်ယာဉ်၊ ဓာတ်မှန်စက်အသစ်အပါအဝင် လိုအပ် သည်များကို ပံ့ပိုးဖြည့်ဆည်းပေး သည်။

ပြည်ထောင်စုဝန်ကြီးသည် မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပ သော ကမ္ဘာ့ချန်ပီယံများနှင့် အာရှနိုင်ငံ များပါဝင်သော ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ (Mandalay IBSF World Billiards and Snooker Championship 2019) သို့ သွားရောက်၍ ယှဉ်ပြိုင်နေသော ပွဲစဉ် များကို ကြည့်ရှုအားပေးခဲ့ပြီး မြန်မာနိုင်င ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်နှင့် နိုင်ငံတကာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် (IBSF) ဒုတိယဥက္ကဋ္ဌ Mr. James Leacy တို့ နှင့် တေွ့ဆုံဆွေးနွေးသည်။ အဆိုပါ ပြိုင်ပွဲ တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ဘိလိယက် နှင့် စနူကာအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး စက်တင်ဘာ ၉ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

 

HOT NEWS
January 4,