နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး 23rd St. Petersburg International Economic Forum (SPIEF) 2019 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး 23rd St. Petersburg International Economic Forum (SPIEF) 2019 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


Ministry of Foreign Affairs/ Nay Pyi Taw / June 07, 2019


(၇-၆-၂၀၁၉ ရက်၊ စိန့်ပီတာစဘတ်မြို့)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ၆-၆-၂၀၁၉ ရက်တွင် ကျင်းပသည့် 23rd St. Petersburg International Economic Forum (SPIEF) 2019 ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဆက်အောင်တို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးကိုကိုရှိန်နှင့်အတူ တက်ရောက်ခဲ့ပါသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၆-၆-၂၀၁၉ ရက်၊ ၁၁၀ဝ နာရီတွင် ကျင်းပသည့် RT TV Debates: Are We Witnessing a Paradigm Shift in the Global Economic Order? သို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။