နိုင်ငံတစ်ဝန်းရာသီတုပ်ကွေးရောဂါ A H1N1 pdm09 ကြောင့် ဩဂုတ် ၁ ရက်အထိ သေဆုံးသူ ၈၃ ဦးရှိ

နိုင်ငံတစ်ဝန်းရာသီတုပ်ကွေးရောဂါ A H1N1 pdm09 ကြောင့် ဩဂုတ် ၁ ရက်အထိ သေဆုံးသူ ၈၃ ဦးရှိ


Ministry of Information/ ​နေပြည်တော် / August 02, 2019
image_latest


နေပြည်တော်၊ ဩဂုတ် ၁

 

နိုင်ငံတစ်ဝန်းရာသီတုပ်ကွေးရောဂါ A H1N1 pdm09 ဖြစ်မှုကြောင့် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၁ ရက်အထိ ဓာတ်ခွဲအတည်ပြုပြီးနောက် ရောဂါပိုးတွေ့ရှိသူ ၄၃၉ ဦး ရှိကာ မကွေးတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သေဆုံးသူတစ်ဦးစီ တိုးလာသည့်အတွက် စုစုပေါင်း သေဆုံးသူ ၈၃ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

 

တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ရာသီတုပ်ကွေး ရောဂါ A H1N1 pdm09 သံသယရှိသဖြင့် ယနေ့အထိ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၁၀၃၃ ဦးအနက် ရောဂါဖြစ်ပွားသူ ၄၃၉ ဦးရှိပြီး သေဆုံးသူ ၈၃ ဦးအထိ တိုးလာနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၅၀၀ အနက် ရောဂါဖြစ်သူ ၂၂၆ ဦးရှိကာ သေဆုံး သူ ၆၂ ဦးရှိပြီဖြစ်၍ H1N1ကြောင့် သေဆုံးမှုအများဆုံး ဖြစ်နေသည်။

 

အလားတူ ဧရာ၀တီတိုင်းဒေသကြီးတွင် ရောဂါဖြစ်သူ ၃၆ ဦးအနက် သေဆုံးသူငါးဦး၊ ကချင် ပြည်နယ်တွင် ရောဂါ ဖြစ်သူ ၂၅ ဦး၊ သေဆုံးသူတစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ရောဂါဖြစ်သူ ၁၉ ဦး၊ သေဆုံးသူငါးဦး၊ မကွေးတိုင်းဒေသကြီးတွင် ရောဂါဖြစ်သူ ၁၇ ဦး၊ သေဆုံးသူနှစ်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရောဂါဖြစ်သူ ကိုးဦးစီ၊ သေဆုံးသူသုံးဦးစီနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် ရောဂါဖြစ်သူငါးဦး၊ သေဆုံးသူတစ်ဦး၊ ရခိုင်ပြည်နယ်တွင် ရောဂါ ဖြစ်သူ ၂၈ ဦး၊ သေဆုံးသူတစ်ဦးရှိကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန် ထားသည်။

 

ထို့အတူ နေပြည်တော်တွင် ဓာတ်ခွဲအတည်ပြုပြီးနောက် ရောဂါဖြစ်သူ ၄၀၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တွင် ခုနစ်ဦးစီ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လေးဦးစီ၊ တနင်္သာရီတိုင်းဒေသကြီးတွင် သုံးဦးရှိပြီး စုစုပေါင်း ရောဂါဖြစ်သူ ၄၃၉ ဦးနှင့် သေဆုံး သူ ၈၃ ဦးရှိပြီဖြစ်ကာ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ရောဂါပိုးတွေ့ရှိသူ မရှိသေးကြောင်း သိရသည်။

 

ရာသီတုပ်ကွေးရောဂါ A H1N1 pdm09 ဖြစ်သူ များအနက် အသက် ၁၅ နှစ်မှ ၆၅ နှစ်အထိ ၅၂ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက်တွင် ၁၂ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ၁၃ ရာခိုင် နှုန်း၊ အသက် ၁ နှစ်မှ ငါးနှစ်အထိ ၁၇ ရာခိုင်နှုန်းနှင့် အသက်တစ်နှစ်အောက်တွင် ၆ ရာခိုင်နှုန်း ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

ဇင်ဦး(မြန်မာ့အလင်း)

HOT NEWS
January 4,