ဒုတိယဝန်ကြီး ဦးအောင်ထူး Arbitration Chamber Hong Kong-London ၏ Arbitrator, Mr. Robert S. Pe နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီး ဦးအောင်ထူး Arbitration Chamber Hong Kong-London ၏ Arbitrator, Mr. Robert S. Pe နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော်၊ မတ် ၁၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ Arbitration Chamber Hong Kong-London ၏ Arbitrator, Mr. Robert S. Pe နင့် အဖွဲ့အား ယနေ့ ညနေ (၃) နာရီ တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်၌ Hong Kong International Arbitration Centre (HKIAC) ဖွဲ့စည်းတည်ထောင်ထားမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များ၊ မြန်မာနိုင်ငံ၌ ပြည်တွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ အငြင်းပွားမှုများ မျှတစွာနှင့်ထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက် အနုညာတ စီရင်ဆုံးဖြတ်ရေး စင်တာ (Arbitration Centre) တည်ထောင်နိုင်မည့် အလားအလာများနှင့် Hong Kong International Arbitration Centre (HKIAC) မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြေကြာင်းသိရသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,