တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် “အပြောင်းအလဲ-စိန်ခေါ်မှုများမှ အခွင့်အလမ်းများ ဆီသို့”(Change-Challenges to Opportunities) ဖိုရမ်သို့ တက်ရောက်

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် “အပြောင်းအလဲ-စိန်ခေါ်မှုများမှ အခွင့်အလမ်းများ ဆီသို့”(Change-Challenges to Opportunities) ဖိုရမ်သို့ တက်ရောက်


Ministry of Information/ နေပြည်တော် / January 25, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

ဇန်နဝါရီ ၂၅ ရက်မှဇန်နဝါရီ ၃၀ ရက်ထိကျင်းပမည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကြီးအား ဂုဏ်ပြုသည့်အနေဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ “အပြောင်းအလဲ-စိန်ခေါ်မှုများမှ အခွင့်အလမ်းများဆီသို့”(Change-Challenges to Opportunities) ဖိုရမ်အား ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ Myanmar ICT Park, Conference Hall ၌ ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက် သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို တိုင်းရင်းသား ညီနောင်သွေးချင်းများအားလုံး လက်တွဲတည်ဆောက်နိုင် မှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဟောပြောပွဲ ခေါင်းစဉ် ပါအတိုင်း အပြောင်းအလဲများနှင့် စိန်ခေါ်မှုများအား အောင်မြင်စွာ ကျော်လွှားနိုင်ပြီး အခွင့်အရေး၊ အခွင့်အလမ်းများ ရရှိနိုင်ရေး သည် အသိပညာ အတတ်ပညာများအပြင် မျှော်မှန်းချက် ရည်မှန်းချက်များလည်းထားရှိရန် လိုအပ်ပါကြောင်း၊ အဆိုပါ အသိပညာ အတတ်ပညာများသည်လည်း ယခုကဲ့သို့ ဟောပြောပွဲ ဆွေးနွေးပွဲ ဖိုရမ်များမှ ပိုမိုရရှိနိုင်မည် ဖြစ်သည့် အတွက် ဖိုရမ်များ ကျင်းပခြင်းဖြင့် နိုင်ငံသူ နိုင်ငံသားများ၏ အသိစိတ်ဓာတ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထု လိုချင်သည့် အပြောင်းအလဲသည် ပြည်ထောင်စုအစိုးရနှင့် တိုင်း/ပြည်နယ် အစိုးရများ ပြောင်းလဲသွားသည့်တိုင် ပြည်သူလိုအပ်နေသော ဒီမိုကရေစီစနစ် ရရှိပြီဟုယူဆ၍ မရနိုင်ပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်း/ပြည်နယ် အစိုးရများ လက်အောက်ရှိ ဝန်ထမ်းများအားလုံး မပြောင်းလဲပါက ဒီမိုကရေစီစနစ် ရရှိမည်မဟုတ်ပါကြောင်း၊ စနစ်ဟောင်းက ပြည်သူလူထု မလိုလားသည့် အကျင့်စရိုက်ဟောင်းများ မပြောင်းလဲလျှင် ပြည်သူလိုလားသည့် ပြည်သူလူထုအကျိုး ကာကွယ်စောင့်ရှောက်သည့် ဒီမိုကရေစီစနစ် ရရှိမည်မဟုတ်ပါကြောင်း၊ ပြည်သူလူထုကိုယ်တိုင် အသိပညာအတတ်ပညာ မရှိပါက အပြောင်းအလဲသည် ပြည်သူ့အကျိုး ကာကွယ်မှုပြုသည့် အပြောင်းအလဲဟုတ်သည် မဟုတ်သည်ကို မသိရှိနိုင်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများ၊ ဖိုရမ်များ ပြုလုပ်မှသာ ပြည်သူလူထုက သိရှိလာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး မိန့်ကြားခဲ့သလို ပြည်ထောင်စုကြီးတစ်ခုလုံး ပြောင်းလဲပါသည် တိုးတက်ပါသည်ဆိုရာတွင် အကိုင်းအခက်များ ဖြစ်သော ဖွံ့ဖြိုးမှု နိမ့်ကျသည့် တိုင်း/ပြည်နယ်များ မတိုးတက်ပါက တိုးတက်ပြောင်းလဲသည်ဟု မဆိုနိုင်ပါကြောင်း၊ ထိုသို့ တိုးတက်ပြောင်းလဲနိုင်ရေးအတွက် တိုင်းရင်းသား လုပ်ငန်းရှင်များ အနေဖြင့် ပြပွဲများ၊ အသေးစားလုပ်ငန်းများ၊ အလတ်စား လုပ်ငန်းများ ကြိုးစားလုပ်ဆောင် သင့်သည့်အပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ မိမိဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သင့်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသား လူငယ်များအနေဖြင့် ဗဟုသုတများ၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ပါက မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် စဉ်းစားတော့မည် မဟုတ်သဖြင့် အထက်ပါ အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ပါကြောင်း၊ ထိုအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ ယခုကဲ့သို့ ဖိုရမ်များ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းဖြင့် အသိပညာ အတတ်ပညာများ၊ ဗဟုသုများ တိုးပွားလာပြီး ပြည်ထောင်စုငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်နှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် နိုင်ဖေလှိုင်တို့က အမှာစကား ပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ “အပြောင်းအလဲ-စိန်ခေါ်မှုများမှ အခွင့်အလမ်းများ ဆီသို့” (Change-Challenges to Opportunities) ဖိုရမ် အကြောင်းအရာအား The Voice Weekly Journal မှ CEO ဦးဇေယျသူ၊ Institute for Strategy and Policy –Myanmar မှ Executive Director ဦးမင်းဇင်၊ ဦးအောင်နိုင်ဦး ( Director General of DICA)၊ (MCRB) မှ Director Ms.Vicky Bowman၊ (MIT) မှ Founder and CEO Dr. ဦးထွန်းသူရသက်၊ Yatanarpon Teleport မှ Chief Operating Officer Dr. Nandy Lynn တို့က ဦးဆောင်ဆွေးနွေးခဲ ကြာင်း သိရှိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,