နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် H.E. Mr. Sanjay Mitra နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် H.E. Mr. Sanjay Mitra နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / May 16, 2019
image_latest


နေပြည်တော် မေ ၁၆

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် H.E. Mr. Sanjay Mitra နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ မြန်မာတပ်မတော်သားများအား စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ ပို့ချမှုကိစ္စ ရပ်များနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံရေးရာကိစ္စရပ်များကို ရင်းနှှီးစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

(သတင်းစဉ်)

HOT NEWS
January 4,