ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်သက္ကေပြင် IDP စခန်းသို့သွားရောက်ကြည့်ရှု

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်သက္ကေပြင် IDP စခန်းသို့သွားရောက်ကြည့်ရှု

Ministry of Information/ စစ်တွေ / July 12, 2019
image_latest


စစ်တွေ ဇူလိုင် ၁၂

ရခိုင်ပြည်နယ်စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးအောင်၊ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်၏လတ်တလော အခြေအနေများ၊ ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ဆွေးနွေးကြသည်။
ထို့နောက် အထူးကိုယ်စား လှယ်နှင့်အဖွဲ့သည်ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့် တို့နှင့်အတူ စစ်တွေမြို့သက္ကေပြင်ကျေးရွာသို့ သွားရောက်၍ IDP စခန်းတွင်နေထိုင်ကြသည့် မိသားစုဝင်များနှင့်တွေ့ဆုံပြီး စခန်းအတွင်းလှည့်လည် ကြည့်ရှုကာ သက္ကေပြင်ကျေးရွာ၊ ကျန်းမာရေး ဆေးပေးခန်း၌ ကျန်းမာရေးစောင့်ရှောက် မှုအခြေအနေများနှင့် ကျေးရွာအတွင်းရှိ အမှတ်(၁၀) အခြေခံ ပညာအထက်တန်း ကျောင်းတွင် ကျောင်းသူ/ ကျောင်းသားများစာပေသင်ကြားနေမှု အခြေ အနေများကို ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်မှရန်ကုန်မြို့ သို့ လေကြောင်းခရီး ဖြင့်ပြန်လည် ထွက်ခွာသွားကြသည်။
သတင်း - အောင်ရဲသွင်
ဓာတ်ပုံ - တင်ထွန်း (ပြန်/ဆက်)
 

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့်ကြာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •