အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU)တို့ပူးပေါင်းပြုလုပ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများ ပြန်လည် သုံးသပ်ခြင်းနှင့် အမျိုးသားအဆင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

Ministry of Home Affairs/ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော် / December 11, 2018

 အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU)တို့ပူးပေါင်းပြုလုပ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများ ပြန်လည် သုံးသပ်ခြင်းနှင့် အမျိုးသားအဆင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ ၀၉၀၀ အချိန် နေပြည်တော်၊ Hilton ဟိုတယ်၌ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)တို့ ပူးပေါင်း၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများ ပြန်လည်သုံးသပ်ခြင်းနှင့် အမျိုးသားအဆင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဝင် ဗိုလ်ချုပ် အောင်သူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်၏ တိုးတက်မှုဆောင်ရွက်မှုအခြေအနေများ၊ ဥပဒေ မူဘောင်များ ပိုမိုတိုးတက်ခိုင်မာအောင် သုံးသပ်ဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်အောင် အလေးထားဆောင်ရွက်ရန်များကို မှာကြားခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ကိုယ်စား AML/CFT ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် Ms. Francisca Fernando မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရသည့် အကြောင်းအရင်းများ၊ မြန်မာနိုင်ငံ၏ AML/CFT စနစ် ပိုမို တိုးတက်အောင် ဆောင်ရွက်ရန် အထောက်အကူပေးမည့် အစီအစဉ်များ၊ မဟာဗျူဟာရေးဆွဲ နိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီး (၁၀၀၀)အချိန် ဖွင့်ပွဲအခမ်း အနား ပြီးဆုံးခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ တွဲဖက် အတွင်းရေးမှူး ရဲမှူးချုပ် ကျော်ဝင်းသိန်းနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနတို့မှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံရှေ့နေအသင်း၊ မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း(၄၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၁၄-၁၂-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

HOT NEWS
January 4,