နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန်သံအမတ်ကြီး Mr. Qaley Allahverdiyev အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန်သံအမတ်ကြီး Mr. Qaley Allahverdiyev အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / August 23, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန် သံအမတ်ကြီး Mr. Qaley Allahverdiyev နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-အဇာဘိုင်ဂျန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ၊ ယခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်အထိ အဇာဘိုင်ဂျန် နိုင်ငံ၊ ဘာကူးမြို့၌ ကျင်းပမည့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏(၁၈)ကြိမ်မြောက် ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ရေးနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး၊ အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားစာများကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား သံအမတ်ကြီးက ပေးအပ် သည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဉီးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

(သတင်းစဉ်)

 

HOT NEWS
January 4,