ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီး Ms.KimHyumMee နှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီး Ms.KimHyumMee နှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော် မတ် ၁၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံ အဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီး Ms. Kim HyumMee နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမဆောင်၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အခြေခံအဆောက်အအုံကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ Korea – Myanmar Industrial Complex (KMIC) စီမံကိန်းနှင့် ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတား ပန္နက်တင် အခမ်းအနားအပြီး ဒလမြို့နယ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။

(သတင်းစဉ်)

အထူးသတင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်
  •           
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
  •           
  • စတုတ္ထအကြိမ် Animation Workshop သို့ လူငယ် ၅၀ ကျော် စိတ်ဝင်စားစွာတက်ရောက်ခဲ့
  •           
  • အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ
  •