မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်ကို ဆွေးနွေးမည့် Myanmar Connect 2019ကျင်းပမည်

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်ကို ဆွေးနွေးမည့် Myanmar Connect 2019ကျင်းပမည်


Ministry of Information/ ​နေပြည်တော် / September 16, 2019
image_latest


ရန်ကုန် စက်တင်ဘာ ၁၅

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီများကို ချိတ်ဆက်ပေးကာ နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်ကို လေ့လာသုံးသပ်မည့် Myanmar Connect 2019 ထိပ်သီး အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ပြုလုပ်သွားမည်ဟု သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးထား သော အဆိုပါ အစည်းအဝေးသို့ ဒေသတွင်းနှင့် နိုင်ငံတကာရှိ ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူနှင့် လုပ်ငန်းရှင်ပေါင်း ၄၅၀ ခန့် တက်ရောက်၍ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်အကြောင်းကို ဆွေးနွေးသွား ကြမည်ဖြစ်သည်။

Myanmar Connect ကို ၂၀၁၃ ခုနှစ်ကတည်းက စတင် စီစဉ်ကျင်းပခဲ့သည့် Capacity Media မှ တာဝန်ရှိသူတစ်ဦးက “ဒီအခမ်းအနားက မြန်မာဈေးကွက်ကို ထပ်မံတိုးချဲ့ဝင်ရောက် ချင်တဲ့ ဒါမှမဟုတ် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု ဈေးကွက် ထဲကို ဝင်ရောက်မြှုပ်နှံချင်တဲ့သူတွေအတွက် စီးပွားရေး အချိတ် အဆက်တွေပေးမယ့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမြဲပြောင်းလဲနေတဲ့ ဒီဈေးကွက်အကြောင်းကို အတွေ့အကြုံရှိပြီးသား စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ လေ့လာသင်ယူ နိုင်မှာဖြစ်ပြီး ဘယ်အကြောင်းအရာတွေက ဈေးကွက်ကို လွှမ်းမိုးထားသလဲဆိုတာကို နားလည်နိုင်အောင် ပေးသွားမှာဖြစ်ပါတယ်”ဟု အစည်းအဝေးနှင့် ပတ်သက်၍ ပြောကြားသည်။

Myanmar Connect 2019တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC)၊ မိုဘိုင်းကွန်ရက်လုပ်ငန်း ရှင်များ(MNOs)၊ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူများ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်များက မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးအနာဂတ်ကို ပံ့ပိုးပေးမည့် အမြော်အမြင်နှင့်နည်း ဗျုဟာများကို ရင်းနှီးမြှုပ်နှံမှုများအား ပိုမိုဆွဲဆောင်နိုင်စေရန် အတွက်လည်းကောင်း၊ ရေရှည်တည်တံ့သော စီးပွားရေး တိုးတက်မှုရှိစေမည့် အကြောင်းအရာများကို လည်းကောင်း ဆွေးနွေးတင်ပြသွားမည်ဖြစ်ရာ စီးပွားရေး လုပ်ငန်းရှင်များအဖို့ အရေးပါမည့် ဆွေးနွေးပွဲတစ်ခုလည်းဖြစ်သည်။

“ Myanmar Connect အစည်းအဝေးက ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်မှ သက်ဆိုင်တဲ့ ကိုယ်စားလှယ်များဖြစ်တဲ့ အစိုးရအဖွဲ့အစည်း၊ မူဝါဒချမှတ်သူများ၊ အော်ပရေတာများ၊ တာဝါကုမ္ပဏီများနဲ့ ရောင်းချသူများကို အချင်းချင်း ချိတ်ဆက်မှု အခွင့်အလမ်းတွေပေးမယ့် အရေးကြီးတဲ့ ဆွေးနွေးပွဲ တစ်ခု ဖြစ်ပါတယ်၊ ပြီးတော့ သူတို့အတွက် အလားအလာရှိတဲ့ စီးပွားဖက်တွေကိုလည်း ဒီအစည်းအဝေးမှာရော၊ ဆွေးနွေးပွဲ မှာရော ရှာဖွေနိုင်မှာဖြစ်ပါတယ်”ဟု Capacity Media မှ တာဝန်ရှိသူက ဆက်ပြောသည်။

ယခုနှစ် Myanmar Connect အစည်းအဝေးတွင် မြန်မာ နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ဖိုင်ဘာကွန်ရက် ဖြန့်ကျက်မှု အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင် ဖွဲ့စည်းခြင်း၊ ဒေတာစင်တာများ တိုးချဲ့တည်ဆောက်ခြင်း၊ အင်တာနက် တိုးတက်ကောင်းမွန်ရေး၊ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုနည်းပါးနေသော နေရာ များနှင့် နိုင်ငံတကာ ဆက်သွယ်မှု ရင်းနှီးမြှုပ်နှံခြင်း စသည့် အကြောင်းအရာများကို ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များက ဆွေးနွေးကြမည်ဖြစ်ကာ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု ကဏ္ဍအတွင်းသို့ ယခင်နှစ်မှ စတင်ဝင်ရောက်ခဲ့သည့် လုပ်ငန်း အသစ်များဖြစ်သော Myantel ၊ Kacific ၊ Goama နှင့် အခြား နာမည်ကြီး Start-Up ကုမ္ပဏီများ၏ ဝန်ဆောင်မှုနှင့် ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Connect 2019 ကို စီစဉ်သည့် Capacity Media သည် ကမ္ဘာတစ်ဝန်းရှိ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများမှ လုပ်ငန်းရှင်များအား လက်တွေ့ကျသော သတင်း အချက်အလက်များကို ထောက်ပံ့ပေးနေသည့် မီဒီယာကုမ္ပဏီ တစ်ခုဖြစ်ကာ နိုင်ငံတကာတွင် နှစ်စဉ် ထိပ်သီးအစည်းအဝေး ၂၄ ခုကို စီစဉ်ပြုလုပ်ခြင်းနှင့်အတူ အခြား စီးပွားရေးချိတ်ဆက်မှု ပေးသော တွေ့ဆုံပွဲများ၊ ဆက်သွယ်ရေး လမ်းညွှန်များ ပြုလုပ် ခြင်း၊ ကမ္ဘာ့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများရှိ စီးပွားရေးခေါင်း ဆောင်များနှင့် စီးပွားရေးလုပ်ငန်းတူများအကြား အတွေးအခေါ်များ မျှဝေနိုင်ရန် စီစဉ်ဆောင်ရွက် ပေးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

HOT NEWS
January 4,