မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရား (National Complaints Mechanism) တည်ထောင်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတက်ရောက်

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရား (National Complaints Mechanism) တည်ထောင်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတက်ရောက်


Ministry of Immigration & Population/ နေပြည်တော် / January 17, 2019


နေပြည်တော် ဇန်နဝါရီ ၁၇ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် အမျိုးသားအဆင့်အဓမ္မခိုင်းစေမှု ပပျောက်ရေးတိုင်ကြားမှုယန္တရား (National Complaints Mechanism)တည်ထောင်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကိုယနေ့နံနက်၀၉:၀၀နာရီတွင်နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူအလုပ်သမားရေးရာ ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ILO ရန်ကုန်ရုံးမှ အိုင်အယ်လ်အိုဆက်သွယ်ရေးအရာရှိ Mr. Rory Mungovenနှင့်တာဝန်ရှိသူများ၊ Brazil၊ UK၊ Qatar နှင့် Uzbekistan နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက် ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုများအမြစ်ပြတ် ပပျောက်ရေးအတွက် မိမိတို့နိုင်ငံနှင်ကိုက်ညီသည့် ယန္တရား(Mechanism)တစ်ခုတည်ထောင်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပါကြောင်း၊မိမိတို့နိုင်ငံတွင်လက်ခံကျင့်သုံးနေသည့် ပြဌာန်းချက် ၂၉ အရ နိုင်ငံတော်အစိုးရအနေဖြင့် အဓမ္မခိုင်းစေမှုပပျောက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက် ရာတွင် နိုင်ငံတကာစံများအရ လိုအပ်ချက်များရှိနေသည်ဟု ILO မှ ယူဆသည့်အတွက် မြန်မာနိုင်ငံ အပေါ်ကန့်သတ်တားမြစ်ချက်များပြုလုပ်ခဲ့ရာအဆိုပါကန့်သတ်ချက်များကိုဖယ်ရှားနိုင်ရန်၂၀၀၂ ခုနှစ် မှစတင်၍ MoU လက်မှတ်ရေးထိုးပြီး ဆက်သွယ်ရေးအရာရှိတစ်ဦးခန့်ထားခြင်း၊ ၂၀၀၇ ခုနှစ် တွင် နောက်ဆက်တွဲ နားလည်မှုစာချွန်လွှာ (SU) လက်မှတ်ရေးထိုး၍ တိုင်ကြားမှုယန္တရားထူထောင်ပြီး အဓမ္မခိုင်းစေမှုတိုင်ကြားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ILO ရန်ကုန်နှင့် ပူးပေါင်းဖြေရှင်း ခြင်း၊ ၂၀၁၂ ခုနှစ် တွင် MoU လက်မှတ်ရေးထိုး၍ အဓမ္မခိုင်းစေမှုပပျောက်ရေး ပူးတွဲမဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်၌ မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုလုံးဝပပျောက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ခြင်း၊ အလုပ် သမားရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်း၍ အဓမ္မခိုင်းစေမှုပပျောက်ရေးလုပ်ငန်း စီမံချက်ကို Update ပြုလုပ်ကာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ အကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးတွင် တစိတ်တဒေသ ပါဝင်နေသည့် အဓမ္မခိုင်းစေမှုပပျောက်ရေးကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် Focal အဖြစ်တာဝန်ယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းသည် (၁၀) နှစ် ကျော်ကြာမြင့်ခဲ့ပြီး ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် အဓမ္မခိုင်းစေမှု တိုင်ကြားချက် များသည် လျော့နည်းကျဆင်းလျှက်ရှိပြီး တဖက်တွင်လည်းတပ်မတော်အနေဖြင့် CTFMR နှင့်ပူးပေါင်း၍အဓမ္မခိုင်းစေမှုအောက်တွင် အကျုံး ဝင်နေသည့်အသက်မပြည့်စုဆောင်းမှုများနှင့်ပတ်သက်၍ လုပ်ငန်းစီမံချက်များနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များလည်းရှိပါကြောင်း။
မြန်မာနိုင်ငံတွင်အဓမ္မခိုင်းစေမှုများလျော့နည်းကျဆင်းသွားသော်လည်း အမြစ်ပြတ်ပပျောက် ရေးအတွက် ILO နှင့် ညှိနှိုင်းပြီး အခြားနိုင်ငံများ၏ အတွေ့အကြုံများ၊ အခက်အခဲများအပေါ် အခြေခံ၍မိမိတို့နိုင်ငံနှင့်သင့်တော်မည့်ယန္တရား(Mechanism)တစ်ခုတည်ထောင်သွားရန် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပြီး၊ အလုပ်ရုံဆွေးနွေးမှရရှိသည့် အတွေ့အကြုံဗဟုသုတများ နှင့် High Level Working Group (HLWG) အဖွဲ့ဝင်ဌာနဆိုင်ရာအသီးသီးမှ အဓမ္မခိုင်းစေမှု မဖြစ်ပွားစေရန် စီမံဆောင်ရွက်ထားသည့်လုပ်ငန်းများ၊ လုပ်ငန်းစီမံချက်များနှင့် ချိတ်ဆက်၍ နိုင်ငံ အတွက်သင့်လျော်ကောင်းမွန်သည့် ယန္တရား(Mechanism) တစ်ခုတည်ထောင်နိုင်ရန် ပါဝင်တက် ရောက်လာသူများအနေဖြင့် ထိထိရောက်ရောက်ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ILO ရန်ကုန်ရုံးမှ အိုင်အယ်လ်အိုဆက်သွယ်ရေးအရာရှိ Mr. Rory Mungoven မှနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မြန်မာနိုင်ငံနှင့်သင့်လျော်မည့် ယန္တရား(Mechanism)တစ်ခုတည်ထောင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီးဆွေးနွေးပွဲကို ၂ရက် ကြာကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,