န်ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟန်ဂေရီန်ိုင်ငံ National University of Public Service ၌မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဟောပြောပို့ချ

န်ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟန်ဂေရီန်ိုင်ငံ National University of Public Service ၌မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဟောပြောပို့ချ


Ministry of Information/ ဘူဒါပတ်စ် / June 06, 2019
image_latest


ဘူဒါပတ်စ် ဇွန် ၆

ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ ရောက်ရှိနေသည့် န်ိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ဟန်ဂေရီန်ိုင်ငံ National University of Public Service သို့ရောက်ရှိရာ ပါမောက္ခချုပ် Dr. Andras koltay နှင့်တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဝန်ထမ်းများနှင့် ကျောင်း သား ကျောင်းသူများအား မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများ၊ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံပညာရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် ပြည်သူ အချင်းချင်း ထိတွေ့ဆံဆက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဟောပြော ပို့ချသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ ကျောင်းသူ များသိလိုသည့် မေးခွန်း များအား ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က National University of Public Service ပါမောက္ခ ချုပ်အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်သည်။
ယင်းနောက် န်ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံ အောက်လွှတ် တော်သို့ရောက်ရှိပြီး ဟန်ဂေရီနိုင်ငံ လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mrs. Marta Matrai နှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် မြန်မာနှင့်ဟန်ဂေရီနိုင်ငံတို့အကြား ဒီမိုကရေစီအသွင်ကူးပြောင်းမှု တွင်တူညီစွာ ကြုံတွေ့ခဲ့ရသည့် အချက်များအား အပြန်အလှန်ဖလှယ်ရေးကိစ္စ၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် လွှတ်တော်များ၏ စွမ်းရည်မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ကြသည်။
ထို့နောက် န်ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံလွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ Mr. Zsolt Nemeth က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက် သည်။
ယင်းနောက် န်ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဒါပတ်စ်မြို့ရှိ Marriott ဟိုတယ်၌ ကျင်းပသည့် မြန်မာ-ဟန်ဂေရီ နှစ်နိုင်ငံစီးပွားရေး ဖိုရမ်ဖွင့်ပွဲသို့တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ ဟန်ဂေရီ နိုင်ငံရောက် မြန်မာပညာတော်သင်များအား ခေတ္တတည်း ခိုနေသည့် Kempinski ဟိုတယ်၌ တွေ့ဆုံ သည်။
တွေ့ဆုံပွဲများနှင့် စီးပွားရေးဖိုရမ်ဖွင့်ပွဲတို့သို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် ဦးကျော်တင်၊ မြန်မာသံအမတ်ကြီး ဦးမျိုးအေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)