ပြည်နယ်အဆင့် ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း အစုလိုက် တိုက်ကျွေးခြင်းလုပ်ငန်း Sub-NID အသိပေး ဆွေးနွေးပွဲ အခမ်းအနား ဟားခါး၌ ကျင်းပ

ပြည်နယ်အဆင့် ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း အစုလိုက် တိုက်ကျွေးခြင်းလုပ်ငန်း Sub-NID အသိပေး ဆွေးနွေးပွဲ အခမ်းအနား ဟားခါး၌ ကျင်းပ


Ministry of Information/ ​နေပြည်တော် / August 23, 2019
image_latest


ဟားခါး သြဂုတ် ၂၃

ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှကြီးမှူး၍ ပြည်နယ်အဆင့် ဒေသအလိုက်ပိုလီယို ကာကွယ်ဆေး အပိုဆောင်း အစုလိုက် တိုက်ကျွေးခြင်းလုပ်ငန်း Sub-NID အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဟားခါးမြို့ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဉီးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်က အမှာစကား ပြောကြားရာ ယခုကာလသည် ချင်းပြည်နယ်တွင် မိုးများသော အချိန်ကာလဖြစ်သည့်အပြင် လမ်းသစ် ဖောက်လုပ်ခြင်း၊ လမ်းများပြုပြင်ခြင်း၊ မိုးရွာခြင်းကြောင့် လမ်းများ ပျက်စီးခြင်းတို့ကြောင့် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးသည့်အချိန်တွင် အခက်အခဲများ ကြုံတွေ့နိုင်သောကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးနှင့် သက်ဆိုင်သော NGO/ INGO များကလည်း ကျန်းမာရေးဝန်ထမ်းများ၏ လိုအပ် သောအခန်းကဏ္ဍများမှာ ပူးပေါင်းပါဝင်ပေးစေလိုကြောင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသော ရောဂါများ ဖြစ်ပွားမှု လျော့နည်းပပျောက်စေရေး အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဉီးစီးဌာနမှူး ဦးအောင်ငွေစံက ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ အား ရှင်းလင်းပြောကြားပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေး ဉီးစီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးနှင့် အထူးရောဂါ နှိမ်နှင်းရေးဌာနခွဲမှ အဖွဲ့ ခေါင်းဆောင် ဒေါက်တာဖွေးဖွေးက ပြည်နယ်အဆင့်ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း အစုလိုက်တိုက်ကျွေးခြင်းလုပ်ငန်း Sub-NID ဆိုင်ရာ အသိပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း အစုလိုက်တိုက်ကျွေးခြင်းလုပ်ငန်းကို သြဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင် တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

 

HOT NEWS
January 4,