ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Supreme Trading Company Limited အဖွဲ့အား တွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Supreme Trading Company Limited အဖွဲ့အား တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / June 07, 2019
image_latest


နေပြည်တော် ဇွန် ၆

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည် မိုးနိုင်သည် Supreme Trading Company Limited အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-၈) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် ၁၃၅ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ်ခွဲ၊ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် LNG သဘာဝဓာတ်ငွေ့ရည်နှင့် စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတို့၏ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များအား ရှင်းလင်းပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များ ကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,