ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် UNDP တို့ပူးပေါင်း၍ ရခိုင်ပြည်နယ်တရားလွှတ်တော်အစီအစဉ်ဖြင့် “ Workshop on Fair Trial Rights, Human Rights, Rule of Law and Access to Justice for Judges and Judicial Officials” အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် UNDP တို့ပူးပေါင်း၍ ရခိုင်ပြည်နယ်တရားလွှတ်တော်အစီအစဉ်ဖြင့် “ Workshop on Fair Trial Rights, Human Rights, Rule of Law and Access to Justice for Judges and Judicial Officials” အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲကျင်းပ


The Supreme Court of the Union/ နေပြည်တော် အောက်တိုဘာ ၁၃ / October 13, 2018


ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် UNDP တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်တရားလွှတ်တော် အစီအစဉ်ဖြင့် တရားရေးအရာရှိများအတွက် မျှတသောတရားစီရင်ရေးစံနှုန်းများ၊ တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်များနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို စစ်တွေမြို့၊ စစ်တွေဟိုတယ်၌ ယနေ့နံနက် (၀၈:၃၀)နာရီအချိန်တွင်ကျင်းပရာ ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်က အဖွင့်အမှာစကားပြောကြားပြီး UNDP မှ U Tun Tun (Area Office Coordinator)က ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။


ယင်းဆွေးနွေးပွဲသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ရည်မှန်းချက်ဖြစ်သည့် လူတိုင်းသို့ အရည်အသွေးမြှင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်နှင့် တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှု ရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်ဟူသောအချက်နှင့်ဆက်စပ်လျက် တရားသူကြီးများ နှင့် တရားရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးပြီး နိုင်ငံတကာ စံချိန်၊ စံနှုန်းများနှင့်အညီ ဖြစ်စေရန် ရည်ရွယ်လျက် ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ကြောင်းသိရသည်။

          


ဖွင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံး၊ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိ သင်တန်းသား/သင်တန်းသူ (၃၄)ဦး တက်ရောက်ပြီး အဆိုပါသင်တန်းကို အောက်တိုဘာလ (၁၃)ရက်နေ့မှ (၁၄)ရက်နေ့ထိ (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် တရားရုံးဝန်ထမ်းများအတွက် သင်တန်းကို အောက်တိုဘာလ (၂၀)ရက်နေ့မှ (၂၁)ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ရခိုင်ပြည်နယ်တရားရေးဦးစီးမှူးရုံး၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ အခြားအဆင့်ဝန်ထမ်း သင်တန်းသား/သင်တန်းသူ (၃၅)ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

         

HOT NEWS
January 4,