AA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်ပတ်သက်သော စိတ်ကြွရူးသွပ်ဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိ၊ AA နှင့် ARSA အကြမ်းဖက်အဖွဲ့များ ပူးပေါင်း၍ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ရုပ်လုံးပေါ်လာ

AA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်ပတ်သက်သော စိတ်ကြွရူးသွပ်ဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိ၊ AA နှင့် ARSA အကြမ်းဖက်အဖွဲ့များ ပူးပေါင်း၍ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ရုပ်လုံးပေါ်လာ


Ministry of Information/ ​နေပြည်တော် / June 02, 2020


နေပြည်တော်  ဇွန် ၁ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်ပတ်သက်သည့် စိတ်ကြွရူးသွပ် ဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိပြီးနောက် စိစစ်ဖော်ထုတ်ချက်များအရ AA နှင့် ARSA အကြမ်းဖက်အဖွဲ့များ ပူးပေါင်း၍ တရားမဝင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှု ဆောင်ရွက်ချက်များ ယခုအခါ ရုပ်လုံးပေါ်လာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းပေးချက်များအရ လုံခြုရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၁ ရက် နံနက် ၉ နာရီခွဲခန့်တွင်   မောင်တောမြို့နယ်၊  ကန်သာယာကျေးရွာရှိ ရွှေသိန်း (အသက်  ၃၁ နှစ်)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် ကားဂိုဒေါင်အတွင်း ရပ်ထားသည့် FORLAND အမျိုးအစား၊ ယာဉ်အမှတ် YGN 9P-5603 (ယာဉ်လိုင်စင်စိစစ်ဆဲ) ပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ် ၁၈ အိတ်အတွင်းမှ WY/R စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား ၂,၄၃၇,၅၀ဝ (၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄၈,၇၅၀) နှင့် နေအိမ်မှ PAA-912 နံပါတ်ပါ AUSTRIA နိုင်ငံထုတ် Glock  ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၅ တောင့်၊ မြန်မာငွေကျပ် ၄၉ သိန်း၊ မော်တော်ဆိုင်ကယ် တစ်စီးနှင့် Hijet အမျိုးအစား၊ ယာဉ်အမှတ် YGN 1G-9180 မော်တော်ယာဉ်တစ်စီး (ယာဉ်လိုင်စင် စိစစ်ဆဲ)တို့အား တွေ့ရှိသိမ်းဆည်းရမိကြောင်း။

၎င်းနေအိမ်တွင် ရွှေသိန်းမှာ ကြိုတင်တိမ်းရှောင်သွားပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဦးမစိန်၊ (အသက် ၃၀)နှင့် ဆက်စပ် ပတ်သက်သူ ၅ ဦးတို့အား တွေ့ရှိဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ကနဦး စစ်ဆေးပေါ်ပေါက်ချက်များအရ ရွှေသိန်းသည် AA အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းရွာတွင် ရွာသားအသွင်နေထိုင်၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်း၊ လူသစ်စုဆောင်းခြင်း တာဝန်ခံအဖြစ် ဆောင်ရွက်ကြောင်း၊ သိမ်းဆည်းရမိသည့် သေနတ်မှာ AA အကြမ်းဖက်အဖွဲ့မှ ထုတ်ပေးထားသည့် သေနတ်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ ရခိုင်တိုင်းရင်းသား   ၅ ဦး အနက် ၂ ဦးမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွင် ရွှေသိန်းနှင့်အတူ ကိုယ်တိုင်ပါဝင်ပတ်သက်သူ ဖြစ်ပြီး ကျန် ၃ ဦးမှာ ရသေ့တောင်မြို့နယ်၊ ပေါက်တောပြင်ကျေးရွာ ဇာတိများဖြစ်ကာ AA အကြမ်းဖက်သင်တန်း တက်ရောက်ရန် ရွှေသိန်းက လူသစ်စုဆောင်းထားပြီး ၎င်း၏နေအိမ်တွင် ခေတ္တခေါ်ထားသူများဖြစ်ကြောင်း၊ ရွှေသိန်း၏ နေအိမ်တွင်နေထိုင်စဉ် ရွှေသိန်းစေခိုင်းသည့် မူးယစ်ဆေးဝါး သယ်ဆောင်မှုကိစ္စများကို ဆောင်ရွက်ပေးရ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယခု မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် ကန်သာယာကျေးရွာသည် ရခိုင်တိုင်းရင်းသားများ နေထိုင်သည့်ကျေးရွာဖြစ်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာများမှာလည်း ရခိုင်တိုင်းရင်းသားအများစုနှင့် မြိုတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများ ဖြစ်ကြောင်း၊ အငူမော်-မောင်တော ကားလမ်းတစ်‌လျှောက်သည် အငူမော်မှ မောင်တောအထိ ရခိုင်တိုင်းရင်းသား ကျေးရွာများပင်ဖြစ်ကြောင်း၊ AA အကြမ်းဖက်အဖွဲ့သည် ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြား မေယုမြစ်အရှေ့ဘက်ကမ်းရှိ ရသေ့တောင်-ဘူးသီးတောင် ကားလမ်းနှင့် မေယုမြစ်ကြောင်းကို ထိန်းချုပ်ထားပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေမှတစ်ဆင့် မူးယစ်ဆေးဝါးများကို လူဖြင့်လည်းကောင်း၊ စက်လှေ၊ မော်တော်ယာဉ်တို့ဖြင့် လည်းကောင်း အဆင့်ဆင့်သယ်ဆောင်ကာ မောင်တောမြို့ပေါ်နှင့် မောင်တော တောင်ဘက်ခြမ်းသို့ ပို့ဆောင်ကြောင်း။

မောင်တောမြို့ တောင်ဘက်ခြမ်းနယ်မြေ၌ ၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိ အမှုပေါင်း ၁၃ မှုနှင့် ဖမ်းဆီးရမိပမာဏမှာ စိတ်ကြရူးသွပ်ဆေးပြား ၁၀,၉၅၀,၃၇၉ ပြားရှိကြောင်း၊ ဖမ်းဆီးရမိ ပါဝင်ပတ်သက်သူ တရားခံများမှာ  ဖမ်းမိတရားခံ ၁၇ ဦး၊ ပြန်လည်ခုခံ တိုက်ခိုက်သဖြင့် ပစ်ခတ်အသေဖမ်းဆီးရမိသူ ၁ ဦးနှင့် တရားခံပြေး ၆ ဦးတို့  ဖြစ်ကြောင်း၊ မောင်တောမြို့မှတစ်ဆင့် မောင်တောမြောက်ဘက်ခြမ်း နယ်မြေအား ဖြတ်သန်းပြီး တစ်ဖက်နိုင်ငံနယ်စပ်သို့ မူးယစ်ဆေးဝါး ဆက်လက်ပို့ဆောင်သူများမှာ ARSA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူများ ဖြစ်ကြောင်း။ 

၂၀၁၉ ခုနှစ်ကုန်ပိုင်း မောင်တောမြို့ပေါ်တွင် ဖမ်းဆီးရမိသူ မြင့်စိုးက မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာပြီး မောင်တောမြို့၊ မြို့မကညင်တန်း (အလယ်) ကျေးရွာနေ ဇော်ဝင်း(ခ) နော်ဘီမုလ်ဂျူဟာရ်ထံသို့ လာရောက်ပို့ဆောင် သည့် WY/R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၈,၇၇၅,ဝ၀ဝ  ကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိမှုမှ လက်ခံမည့်သူ ဇော်ဝင်း(ခ) နော်ဘီမုလ်ဂျူဟာရ်မှာ တရားခံပြေးဖြစ်နေပြီး မေ ၃၀ ရက်တွင် ၎င်း၏နေအိမ်အား အတည်ပြု စိစစ်ရှာဖွေရာ နေအိမ်မြေအောက်ခန်းအတွင်းမှ WY/R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၇,ဝ၉၀,၇၀ဝ  နှင့်အတူ ဖခင်ဖြစ်သူ ဂျူဟာရ်ဟူဆိန်းနှင့် ဇနီးဖြစ်သူ မရေခါယာဒ်ဖာတေမာတို့ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိသည့်ဖြစ်စဉ်နှင့် မူးယစ်ဆေးဝါး အရေအတွက်များပြားသော ဖော်ထုတ်ရရှိမှု အပါအဝင် မောင်တောမြို့မြောက်ဘက်ခြမ်း နယ်မြေအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိ အမှုပေါင်း ၃၉ မှုနှင့် ဖမ်းဆီးရမိ ပမာဏမှာ စိတ်ကြွရူးသွပ် ဆေးပြား ၈,၁၂၆,၆၅၇ ပြားရှိကြောင်း။

ဖမ်းဆီးရမိ ပါဝင်ပတ်သက်သူ တရားခံများမှာ ဖမ်းမိ မွတ်ဆလင် တရားခံ ၄၅ ဦး၊ ပြန်လည် ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်အသေဖမ်းဆီးရမိသူ ၄ ဦးနှင့် တရားခံပြေး ၆ ဦးတို့ ဖြစ်ကြောင်း တွေ့ရှိဖမ်းဆီးရမိမှု ဖြစ်စဉ်များနှင့် စိစစ်ဖော်ထုတ်ချက်များအရ AA အကြမ်းဖက်အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့သည် ချိတ်ဆက်ပူးပေါင်း၍ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုမှရရှိသော အကျိုးအမြတ်များဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်ရေးနှင့် တရားမဝင် လက်နက်ခဲယမ်းများ ဝယ်ယူရရှိနိုင်ရေးဆောင်ရွက်ပြီး ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားရေးအတွက် လက်နက်စွဲကိုင် အကြမ်းဖက်ဆောင်ရွက်မှုများ တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းစဉ်

HOT NEWS
January 4,