COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း


Ministry of Information/ ​နေပြည်တော် / July 08, 2020
image_latest


(၈-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ (၈-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၆၅၅)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၈၄) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၁၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၈၈) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၆၀) ခု၊
- စုစုပေါင်း (၁,၄၀၃)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

၂။ (၈-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၁၇) ဦးရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိသူ (၅) ဦး (C-221, 252, 267, 283 နှင့် 286) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၂၅၀) ဦးရှိပါသည်။ ၎င်းတို့အနက် (၂၃၃) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၇-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၈-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၆) ဦး ရှိပါသည်။
#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

 

HOT NEWS
January 4,