COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၂-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၂-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ


Ministry of Information/ ​နေပြည်တော် / July 12, 2020


နေပြည်တော် ဇူလိုင် ၁၂

၁။ (၁၂-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၇၄၇)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၀၉) ခုနှင့်

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၄၃) ခု၊

စုစုပေါင်း (၁,၀၉၉)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

၂။ (၁၂-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၃၁) ဦး ရှိပြီဖြစ်ပါသည်။

၃။ (၁၂-၇-၂၀၂၀)ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာများအနက် လွှတ်တော်အသီးသီး၏ (၁၇) ကြိမ်မြောက်ပုံမှန် အစည်းအဝေးသို့ တက်ရောက်မည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၅၂)ဦးနှင့် အထောက်အကူပြု အဖွဲ့ဝင် (၁၀)ဦး၊ စုစုပေါင်း (၄၆၂)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။

၄။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့ရှိသူ (၁)ဦး (Case-248) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင် လာသူ စုစုပေါင်း (၂၆၁) ဦးရှိပါသည်။ ၎င်းတို့အနက် (၂၄၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၅။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၆။ (၁၁-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၂-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၀) ဦး ရှိပါသည်။

(၁၂-၂-၂၀၂၀ ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးပြီဖြစ်သည့်အတွက် ယနေ့အတွက် ထပ်မံထုတ်ပြန်ရန် ဓာတ်ခွဲစစ်ဆေးမှု အဖြေသတင်း မရှိတော့ပါ။)

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

HOT NEWS
January 4,