Donation Ceremory

Donation Ceremory


Mon State Government/ Mawlamyine City / November 21, 2018


၁၃၈၀ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၄) ရက်၊ ၂၁၀၈ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် စုပေါင်းမဟာဘုံကထိန်မင်္ဂလာအခမ်းအနားကို ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် ဥပဒေချုပ်၊ မွန်ပြည်နယ် စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ၊ အလှူရှင်များတက်ရောက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မေတ္တာသုတ် တရားတော်များ နာယူ ကြည်ညိုခြင်း၊ ကထိန် လျာမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းပြီး ကထိန် အနုမောဒနာ တရားနာယူကြည်ညို ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

HOT NEWS
January 4,