Myanmar Sustainable Development Plan (MSDP) ၏ Project Bank တွင် စီမံကိန်းများအား သတ်မှတ်ချက်နှင့်အညီ အဆိုပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Myanmar Sustainable Development Plan (MSDP) ၏ Project Bank တွင် စီမံကိန်းများအား သတ်မှတ်ချက်နှင့်အညီ အဆိုပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Transport and Communications/ Nay Pyi Taw / January 11, 2019


နေပြည်တော် January 11, 2019

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) ၏ Project Bank တွင် စီမံကိန်းများ အား သတ်မှတ်ချက်နှင့်အညီအဆိုပြုပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေး၀န်ကြီးဌာနနှင့် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းတို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့ တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန၊ ရုံးအမှတ် ၅ တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါအစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း (Myanmar Development Institue) မှ Senior Operation Specialist က မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)၊ စီမံကိန်းစိစစ်ရေး ဆိုင်ရာမေးခွန်းများ၊ညွှန်းကိန်းများနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည့် မဟာဗျူဟာမြောက် စီမံကိန်းများအား Project Bank Template တွင် အဆိုပြုထည့်သွင်းရန် နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး စီမံကိန်းများအား အဆိုပြုတင်ပြရာတွင် ပိုမိုကောင်းမွန်စွာတင်ပြနိုင်ရေး အတွက် ကဏ္ဍအလိုက် စီမံကိန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တက်ရောက်လာသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်၊ ဒုတိယအမြဲတမ်းအတွင်း၀န်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများနှင့် တာ၀န်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရပါသည်။

HOT NEWS
January 4,