Promoting Accountability and Responsiblity နှင့် စပ်လျဉ်းသည့် ဟောပြော ဆွေးနွေးပွဲ ကျင်းပ

Promoting Accountability and Responsiblity နှင့် စပ်လျဉ်းသည့် ဟောပြော ဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ ​နေပြည်တော် / June 26, 2019
image_latest


နေပြည်တော်၊ ဇွန် ၂၆

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည် ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ “Promoting Accountability and Responsibility in Public Service” နှင့် စပ်လျဉ်းသည့် ဟောပြောပွဲကို အမျိုးသားမှတ်တမ်းများ မော်ကွန်း တိုက်ဦးစီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အဖွင့် အမှာစကားပြောကြားပြီး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က Promoting Accountability and Responsibility in Public Service နှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးရာ တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။

ဟောပြောဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် လုပ်ငန်း/အဖွဲ့အစည်းများမှ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,